ဘ၀မှာသူငယ်ချင်းတွေအများကြီးရှိပေမယ့်
အခင်ဆုံး သူငယ်ချင်းတွေကတော့
လက်ငါးချောင်းပြည့်အောင်တောင်မရှိတော့ပါဘူး…
အကြောင်းကြောင်းတွေကြောင့်ပေါ့…
တစ်ချို့ကတော့လောကကြီးက အပြီးအပိုင်ထွက်သွားကြပြီ..
တစ်ချို့ကတော့ အလုပ်ဆိုတာကြီးရဲ့အောက်ကိုရောက်နေကြပြီ…
တစ်ချို့ကတော့ သူတို့ကိုယ်တိုင်ပဲ ခင်မင်မှုတွေကိုဖျက်ဆီးခဲ့ကြတယ်..
(ခင်မင်မှုကိုကိုယ်တိုင်ရိုက်ချိုးခဲ့ကြတဲ့ သူငယ်ချင်းတွေအတွက်တော့
စိတ်မကောင်းဖြစ်ရုံကလွဲလို့ ဘာမှမတက်နိုင်ပါဘူး…)
ဘ၀မှာ သူငယ်ချင်းကို ချစ်သူထက်ပိုချစ်ခဲ့ပါတယ်..
ချစ်သူရဲ့ ကြိုက်ခြင်းမကြိုက်ခြင်းတွေကိုသိသလို
သူငယ်ချင်းတွေရဲ့ ကြိုက်ခြင်းမကြိုက်ခြင်းတွေကိုလဲသိပါတယ်..
ချစ်သူကိုသတိရသလို သူငယ်ချင်းတွေကိုလည်း သတိရပါတယ်..
တစ်ခါတစ်လေ ချစ်သူတောင်နားမလည်နိုင်ခဲ့တဲ့ အရာတွေကို
သူငယ်ချင်းတွေက နားလည်ကြတယ်..
လက်ကျန်သိပ်မရှိတော့တဲ့သူငယ်ချင်းတစ်ချို့တစ်ဝက်ထဲက တစ်ယောက်
မနေ့ညက ဖုန်းဆက်တယ်…
သူဖုန်းပြောချင်လွန်းလို့ နေ့ခင်းထဲက sms ပို့ထားပါတယ်…
တစ်ခုခုဖြစ်ပြီဆိုတာ နားလည်လိုက်ပါတယ်…
ဖုန်းပြန်ဆက်ချင်ပေမယ့် အလုပ်က တနလာင်္နေ့တွေရဲ့ အစဉ်အလာတိုင်း
ထမင်းစားချိန်ကိုတောင်လုပြီးယူနေရတာဆိုတော့ sms ပဲပြန်ပို့နိုင်ခဲ့ပါတယ်..
ညမှ ဖုန်းပြန်ဆက်ပါတယ်…
မိဘနဲ့ဝေးနေတဲ့အချိန်မှာရင်ဖွင့်စရာဆိုလို့ အချစ်ဆုံးသူငယ်ချင်းတွေပဲရှိတယ်မလား..
တစ်ခါတစ်လေမိဘကိုရင်ဖွင့်လို့မရတဲ့အကြောင်းအရာတွေလည်းရှိတက်ကြတယ်လေ..
ညကတော့ ဒုတိယအချက်ကြောင့်ဖုန်းဆက်တာပါ…
ကြားကြားခြင်းစိတ်မကောင်းပါဘူး…
တကယ်ရင်ထဲမှာခံစားခဲ့ရပါတယ်..
အခုထိမအိပ်နိုင်သေးလို့ စာထရေးနေတာပါ…
Free wifi မမိတဲ့ အခန်းမို့မနက်ဖြန် ရုံးရောက်မှ တင်ရမှာပါ…
တစ်ခါတစ်လေ ဘာကြောင့်များခင်မင်မှုတွေကို ရိုက်ချိုးပစ်ကြလဲဆိုတာ
နားမလည်နိုင်ပါဘူး…
ဘာကြောင့်များသူငယ်ချင်းအချင်းချင်း.. ဒီလောက်အောက်တန်းကျတဲ့
လုပ်ရပ်တွေကိုလုပ်ကြပါလိမ့်လို့ ထိုင်စဉ်းစားမိတယ်..
လောလောဆယ် မိုးမိုးရဲ့ ရှည်ကြာလွန်းတဲ့အခိုက်အတန့်များ
ကိုနားထောင်ဖြစ်နေပါတယ်..
ပြည်သစ်တည်စာရေးရင် ဟိုရောက်ဒီရောက်နဲ့ပါ…
ရင်ထဲမှာ ခံစားနေရတာတွေကို ချရေးတဲ့အတွက်
စကားလုံးကိုမစည်နိုင်ပါဘူး…
သူငယ်ချင်းအတွက်စိတ်မကောင်းဖြစ်ပေမယ့်
အကြံဥာဏ်ပေးရုံကလွဲလို့ဘာမှမကူညီနိုင်ပါဘူး…
တစ်ချိန်ကတော့ သတိပေးခဲ့ဘူးပါတယ်…
သတိပဲပေးနိုင်ခဲ့ပါတယ်…
စိုးရိမ်ခဲ့ပေမယ့် ငါ့သူငယ်ချင်းဒီလောက်မအဘူးလို့ထင်ခဲ့ပါတယ်..
အခုတော့ အရာအားလုံးမှားယွင်းသွားပါတယ်..
ကိုယ့်တာဝန်မကျေဘူးလို့ခံစားရပါတယ်…
ရေထဲကျမှာကိုသတိပေးပဲပေးခဲ့မိပြီး
တကယ်ကျတဲ့အခါမကူညီနိုင်တဲ့ဘ၀ပါ….
တစ်ခုတော့ဆုတောင်းပေးနိုင်ပါတယ်…
အကောင်းဆုံး ဆုံးဖြတ်ချက်တစ်ခုကိုပိုင်ပိုင်နိုင်နိုင်ချနိုင်ပါစေသူငယ်ချင်း……
ကြိုးစားပြီးအိပ်ရပါ့မယ်...
Tuesday, November 3, 2009
Subscribe to:
Post Comments (Atom)
2 comments:
ကြိုးစားပြီးဖတ်ကြည့်တယ် ...။
နားမလည်ဘူးကွ။
ရှင်းရှင်းလင်းလင်းရေးမှပေါ့ ...။
အခုက သူငယ်ချင်းက HIV positive ဖြစ်တာလား ..ဘာလားမသိ...။
သေခါနီးတာလား ဘာလားလည်းမသိ။
ဗီဒီယိုတွေ Trailer ပြသလို ဖြစ်နေတယ် ...။
ငါသိသွားတာကတော့ မင်းသူငယ်ချင်းက အသွားတယ် ..။
ဒေါက်တာသန်းထွန်းစကားအရဆို သမိုင်းမတတ်ဘူးဖြစ်သွားတယ်။
ရေထဲကျမှာကို မင်းက သတိပေးတယ်။
သူက အခုရေထဲမှာ...။
ရေထဲကျသွားရင် ကူစရာမလိုတော့ဘူးကွ။
မြန်မာစကားပုံမှာကလည်း ရေနစ်သူဝါးကူထိုးပဲရှိတယ်။
ပေးချင်ရင် နောက်ဆုံးကောက်ရိုးတစ်မျှင်ပေးလို့တော့ရသေးတယ်။
ခံစားချက်တွေ ဟိုရောက်ဒီရောက်ဖြစ်ပါ။ ရပါတယ် ...။
ရေးရင်တော့ အစဉ်အတိုင်းရေးပါကွ ...။
အခုတော့ ဖတ်ရတာ ခေါင်းမူးသွားပြီ ..။
ခင်မင်စွာဖြင့်
Zephyr
ဇတ်ရေ အဲဒါ post modern ကွ။ ငါနားမလည်ရင် post modern ပဲ :P
Post a Comment