Monday, June 29, 2009

ကဗျာ

အသိတစ်ယောက်ရဲ့ blog ကကူးထားတာပါ..
ကြိုက်လဲကြိုက်တယ် ကိုယ်နဲ့လည်းတိုက်ဆိုင်တာတွေပါလာလို့ပါ..
ခံစားကြည့်တာပေါ့..

ငွေ

အလို.....ငွေတဲ့လား
ခင်ဗျားလည်းခိုက်တယ်
ကျွန်ုပ်လည်းခိုက်တယ်
တချို့ ပြိုလဲသွားကြ
တချို့ ပိုမြဲသွားကြ
မောင်နဲ့နှမ
လင်နဲ့မယား
အိုးစားတွေကွဲ၊ဓားတွေစွဲလို့ ။
မာနတွေပြိုကျ
အမှန်တရားကိုအမှောင်ချ
ဒီလိုနဲ့....
အူမပျော့လို့ 
သီလလျော့ ခဲ့တဲ့နေ့ စွဲများ။
လောဘ၊ဒေါသ၊မောဟ
သက်ပြင်းတွေဖရိုဖရဲချ
လူတန်းစေ့ နေဖို့ 
မုသားစုနေလို့ 
မလွယ်ပါဘူး
သူမပါလည်းမပြီးဘူး။
ဒီလိုနဲ့........
ဒီလိုနဲ့............
...............
လူမိုက်နဲ့ငွေ
အခုကျတော့လဲ
အမျက်တော်ပြေ။ ။

KEY

Thursday, June 18, 2009

အလည်လာခြင်း..

ကျွန်တော်ဒီ blog ကိုလုပ်ထားတာကြာပေမယ့် မရောက်ဖြစ်ဘူး..
ရောက်လာတော့လည်း သူစိမ်းတစ်ယောက်လို ဖြစ်နေတယ်..
ဘာဆက်ရေးရမလဲလို့စဉ်းစားလိုက်တိုင်းအတွေးတွေပေါ်လာပေမယ့်
တကယ်ရေးလဲရေးရောဘာရေးရမှန်းမသိဖြစ်သွားပြန်ရော.
တော်တော်ဆိုးတဲ့ဘ၀ပါလား.... :P

တစ်ခြား blog တွေလိုက်ဖတ်ကြည့်တော့ ရေးထားလိုက်ကြတာ..ဖျူးလို့..
များသောအားဖြင့် သူတို့အကြောင်း နဲ့ နိုင်ငံရေးတွေပဲများတယ်ဗျ..
နောက် စင်ကာပူအကြောင်း. stay အကြောင်း....

ကြုံလို့ပြောရအုံးမယ်..
ကျွန်တော်လည်းသူများတွေလို စင်ကာပူမှာ အလုပ်သွားရှာတယ်ဗျ..
မရပါဘူးဗျာ...
ဒါနဲ့ ထုံးစံအတိုင်းမလေးကို stay ရှောင်ဖို့လာလိုက်တာ ဒီမှာ အလုပ်ရတာနဲ့
stay မရှောင်တော့ပဲ တစ်ခါတည်း stay လိုက်တယ် ဘာရမလဲ မြန်မာကွ....
( ဘာမှလည်းမဆိုင်ဘူး.. :) )

မလေးကအတော်လေးဆိုးတယ်ဗျ...
ရဲတွေကလည်း မြန်မာနိုင်ငံက ရဲတွေအတိုင်းပဲ..
လူတွေ့ရင်ဖြဲခြောက်ပြီး ပိုက်ဆံတောင်းဖို့လောက်ပဲစဉ်းစားနေကြသလားမသိဘူး...




အဆိုးဆုံးက RELA တွေပဲဗျ...
ကျွန်တော်တော့တစ်ခါမှမကြုံဘူးပါဘူး..
တော်တော်ဆိုးဆိုပဲဗျ..
သူတို့ကတော့ operation လုပ်တယ်လို့ပြောတာပဲ..
overstay သမားတွေကိုဖမ်းတာ..
ဒါပေမယ့် မဲမဲမြင်ရာအကုန်ဖမ်းတာပဲ..
သူတို့ရှောင်တာဆိုလို့အဖြူကောင်တွေပဲရှိတယ်..
ic မပြနိုင်လို့ကတော့ ကားပေါ်တက်ပဲ...
ခွေးလိုနွားလိုဖမ်းတာဗျာ..



သူများနိုင်ငံမှာစီးပွားရှာရတာလည်းမလွယ်ပါဘူးဗျာ....

Saturday, June 13, 2009

ပျော်ရွှင်စရာမွေးနေ့ဖြစ်ပါစေ..မေမေ


၁၃-၆-၂၀၀၉
လွန်ခဲ့တဲ့ ၂၆ နှစ်လုံးလုံးသား မေမေ့မွေးနေ့ကို မသိခဲ့ပါဘူးမေမေ
အမေဆိုတာ သားတို့ဗိုက်ဆာရင် ထမင်းကျွေးတဲ့
ပိုက်ဆံလိုရင် မုန့်ဖိုးပေးတဲ့
သားတို့လိုအပ်တာတွေဖြည့်ဆည်းပေးတဲ့ မေမေ ဆိုတာထက်ပိုမသိခဲ့ပါဘူး

အခုတော့အမေ့အိမ်ကိုသားလွမ်းတယ်အမေ..
အမေ့အိမ်ကထွက်လာပြီးတဲ့နောက်တစ်ရက်မှလုံခြုံမှုမရှိခဲ့ပါဘူးအမေ..
အမေပြောဘူးသလိုပေါ့ အမေ့လောက်မင်းကိုဘယ်သူမှ သည်းခံမှာမဟုတ်ဘူး ဆိုတာလေ...
ဟုတ်တယ်အမေ ...
ညီအကိုချင်းတောင်မှ ရက်စက်သူရှိသေးတယ်ဆိုတာ သားအခုမှသိရတယ်အမေ...

ဘာပဲဖြစ်ဖြစ်အမေ့မွေးနေ့မှာ အမေ စိတ်ချမ်းသာ ကိုယ်ကျန်းမာ ပါစေလို့သားဝေးတစ်နေရာကနေဆုတောင်းနေပါတယ် မေမေ....


''အားလုံးထက်နွေးထွေးလုံခြုံတဲ့နေရာဟာ.. အမေ့အိမ်ပဲလို့သိလိုက်ရတဲ့အချိန်ကြတော့
ကျွန်တော်ဟာ ဟိုးအဝေးကြီးကိုရောက်နေပြီလေ...''


Happy Birthday MOM .......

Friday, June 12, 2009

ဝမ်းနည်းခြင်း

ကိုဇက် က blog မရေးတော့ဘူးတဲ့
ကျွန်တော်ဒီလို blog စရေးဖြစ်တာ သူ့ကြောင့်ပါ...
သူ့ကိုအားကျပြီးလိုက်ရေးဖြစ်တာ....
အခုသူကမရေးတော့ဘူးတဲ့ :(
ကျွန်တော်အမြဲသွားဖတ်ဖြစ်တဲ့နေရာတွေမှာသူ့ blog ကထိပ်ဆုံးနေရာကပါပါတယ်..
ကျွန်တော်ကတော့ သူ့ရဲ့ blog အသစ်ကို မျှော်နေမိပါတယ်...

Friday, June 5, 2009

Second Project

ဒုတိယ Project ကကျွန်တော့အရင် ဒီဇိုင်းနာလုပ်သွားတာ.
Client ကမကြိုက်ဘူး
ကျွန်တော် လုပ်ပေးလုက်တာက ဒီလို......



ဒါပေမယ့် Client က ပြင်လိုက်တာ နောက်ဆုံးအခုလိုဖြစ်သွားတယ် :p
www.mediced.com.my
ဘယ်နှကြိမ်လောက်ပြင်ရမယ်လို့ထင်လဲ...?????
စုစုပေါင်း 35 ကြိမ်လောက်ပြင်လိုက်ရတယ်... :(
ကျွန်တော်တို့မြန်မာတွေပြောတာရှိပါတယ်
ပြင်လွန်းရင်........

First Project



That is first project of KLHunter.
ဒါကျွန်တော့်အတွက် ပထမဆုံး project ပါ.
ချွေးပြန်အောင်လုပ်ရတယ်.
အရင် ကျွန်တော် Photoshop ပဲသုံးတာများတယ်.
ဒီတော့ Photoshop ပဲသုံးတာပေါ့
Photoshop အသုံးကောင်း လို့ Design ကို 5 ကြိမ်လောက် ပြန်ပြင် လိုက်ရတယ် :p
နောက်ဘယ်တော့မှ Printing Design လုပ်ရင် Photoshop မသုံးရဲတော့ဘူး

First Day

ဒီနေ့ဒီ blog ကိုစလုပ်ဖြစ်တယ်.
သူငယ်ချင်းတွေက blog ကိုယ်စီနဲ့ ကို့မှာမရှိတော့ မျက်နှာငယ်ရတာပေါ့ :P
နောက်ပြီးသူများတွေအတွက်ကျတော့ website တွေအများကြီးလုပ်ပေး Design တွေများကြီးဆွဲပေးခဲ့ပေမယ့်
ကိုယ့်အတွက်တော့ blog လေးတောင်မရှိတော့ .....