Monday, September 28, 2009

ပြည်သစ်တည်နှင့် Jan to Dec

လူတစ်ယောက်အတွက် လတိုင်းလတိုင်းဟာ သူ့အဓိပါယ်နဲ့သူ ရှိနေပါတယ်..
(ပြည်သစ်တည်အတွက်တော့ လကုန်ရက်တွေဟာ ပိုပြီးအဓိပါယ်ရှိပါတယ်..:D)
လတွေလတွေရဲ့ နေ့စွဲတွေနေ့စွဲတွေတိုင်းဟာ
တစ်ယောက်မဟုတ်တစ်ယောက်အတွက်တော့
အမှတ်တရတွေနဲ့ ပြည့်နေတက်ပါတယ်.....

ပြည်သစ်တည်ပြောချင်တဲ့ ပြည်သစ်တည်နှင့် Jan to Dec .....

ပထမဆုံးပြောချင်တဲ့ စက်တင်ဘာ...

စက်တင်ဘာလဟာ ပြည်သစ်တည် အတွက်
အမှတ်တရ ဖြစ်ခဲ့ရတဲ့ လပါ...
ပြည်သစ်တည်ကို စက်တင်ဘာမှာ မွေးဖွားခဲ့တယ်..

တိုက်ဆိုင်စွာပဲ
ပြည်သစ်တည် အလုပ်ပြုတ်တဲ့ လတွေဟာလဲ စက်တင်ဘာလတွေပါပဲ..
မလုပ်ချင်လို့ အလုပ်က ထွက်ဖြစ်ရင်လဲ စက်တင်ဘာလတွေမှာ ထွက်ဖြစ်တာများတယ်..
အမှတ်မထားပေမယ့် ပြန်တွေးကြည့်ရင် တိုက်ဆိုင်မှုတွေလို့ ပဲပြောမလား

ထပ်တိုက်ဆိုင်တာတွေက တော့ ပြည်သစ်တည် အလုပ်ရရင်
အောက်တိုဘာ၊နိုဝင်ဘာ၊ဒီဇင်ဘာ ဘာလေးဘာ လတွေမှာ ရတာများတယ်...
ကျန်တဲ့လတွေမှာ ရတာရှားတယ်...

ဇန်န၀ါရီ နဲ့ ဖေဖော်ဝါရီ လတွေဟာ လင်းလင်းနဲ့ အမြဲရန်ဖြစ်ရတဲ့လတွေပေါ့...
နဲနဲတောင်မဟုတ်ဘူး တစ်ခါတစ်လေ အကြီးအကျယ်ကိုရန်ဖြစ်တာ..
ရန်ဖြစ်တာကိုပြန်တွေးကြည့်ရင် သူ့ကိုတောင် သနားမိပါတယ်..
ရန်ဖြစ်ရင်ပြည်သစ်တည်က အရင်ဟောက်တာပဲ
ပြည်သစ်တည်က မင်းနဲ့ ငါနဲ့ တွေဘယ်လောက်ပဲပြောပြော သူကတော့
ပြည်သစ်တည်ကိုခေါ်တဲ့အတိုင်းပဲ ခေါ်တယ်..
(ပြည်သစ်တည်ကို ဘယ်လိုခေါ်လဲ ဆိုတာကတော့ ပြောပြဘူး..)
ပြီးတော့လဲ ပြီးသွားတာပါပဲ..
တစ်ခါမှ နှစ်နာရီထက်ပိုပြီး စိတ်မကောက်ဖူးကြဘူး...
အဲ ... နှစ်နာရီထက်ပိုပြီးတော့လဲ မတည့်ကြဘူး.. :P
တွေ့ပြီးလို့နှစ်နာရီလောက်ကြာရင် ပြသနာ စတာပဲ..
ဟ ဟ
တွေးရင်းနဲ့တောင် လွမ်းလာပြီ...

ဧပြီ လဟာလဲ ပြည်သစ်တည်အတွက်ထူးခြားတဲ့ လပါ..
သင်္ကြန်ရှိလို့တော့မဟုတ်ပါ..
ဧပြီ 30 ရက်နေ့ဟာ ပြည်သစ်တည်တို့ ရဲ့ Anniversaries ပါ...
နောက်နှစ် ဧပြီဆိုရင် 7 နှစ်ပြည့်ပြီ.. လွမ်းလိုက်တာ.. :)

အော်ပီကျယ် (ကျကျမ်း) - ၁၉-၂၀



ဆရာအော်ပီကျယ်ရဲ့ ကျကျမ်းဟာ ဒီအပိုင်းမှာ အဆုံးသတ်သွားပါပြီ...
ပြည်သစ်တည်စီမှာရှိတာ ဒါအကုန်ပါ..
နောက်ဆက်တွဲများရှိသေးရင် ပြည်သစ်တည် ဆီကိုလဲ မျှပေးပါအုံးလို့..

ခင်မင်စွာဖြင့် ...
ပြည်သစ်တည်

အော်ပီကျယ် (ကျကျမ်း) - ၁၅-၁၆, ၁၇-၁၈



Saturday, September 26, 2009

မြန်လွန်းသောအချိန်များ....

အချိန်တွေက မြန်လိုက်တာ....
တစ်နှစ်ဆိုတဲ့ အချိန်ကို မနက်ဖြန်ဆိုရင်ရောက်ပြီ....
'ရက်' တွေကို 'လ' ကစား 'လ' တွေကို 'နှစ်'က မြိုချနဲ့...
အမေ့အိမ်မှာနေရတဲ့ ရက်တွေကနေ ကိုဇက် မောင်ဆက်တို့နဲ့
နေရတဲ့အချိန်တွေဆီကိုရောက်
အခုဆိုတစ်ယောက်ထဲ ငြီးငွေ့စွာနဲ့ နေရတဲ့အချိန်တွေကို ရောက်....

ပျော်ရာမှာမနေပဲ တော်ရာမှာ ဒေါ်လာရှာ (တကယ်ရတာ ဒေါ်လာမဟုတ်ပါ)
ဖော်သဟာတွေနဲ့ အတူမနေနိုင်တော့
ပျော်စရာဆိုတာ ဘာများလဲကွယ်...
(အလဲ့ ငါလဲ ကိုဇက်လောက်နီးနီး ကဗျာရေးတက်လာပြီ :P)

Thursday, September 24, 2009

အင်္ဂလိပ် - မြန်မာ - အင်္ဂလိပ် အဘိဓာန်

ပြည်သစ်တည် ပေါတာတွေနဲနဲများသွားပြီ.. :D
ဒီတစ်ခါအသုံးဝင်မယ့် software လေးတင်ပေးချင်ပါတယ်..
ဒီ software က free software လေးပါ..
ဘယ်သူရေးတာလဲတော့မသိပါဘူး..
ကိုဇော်ဆိုတဲ့ blogger တစ်ယောက်ဆီက ရတာပါ..
software ရေးသားသူရော ... ကိုဇော်ကိုရော အားလုံးကိုယ်စား
ဒီနေရာကနေကျေးဇူးတင်ပါတယ်..

ပညာရေးဝန်ကြီးဌါနကိုတော့အားနာပါတယ်..
သူတို့ software ကကောင်းပါတယ်
ဒါပေမယ့် သုံးခါနည်းကျရင် CD ကြီးကိုထည့်ထည့်နေရတာက သိပ်တော့ မနိမ့်ဘူးဗျ...
ဒီ software ကတော့ install လုပ်ပြီးရင် သုံးလို့ရပြီ ..
သူက font သုံးမျိုးကို အလုပ်လုပ်သဗျ...
၁။ ZawGyi - One
၂။ Myanmar3
၃။ Ayar Burmese

font တွေကတော့ ပြည်သစ်တည်ဆီမှာမရှိပါ..
download လုပ်ချင်သူများအတွက် အင်္ဂလိပ် - မြန်မာ - အင်္ဂလိပ် အဘိဓာန်

Friday, September 18, 2009

လွမ်းစရာလေးတွေ.....

စာရေးရမှာပျင်းလို့ ကာတွန်းတွေပဲ လှိမ့်တင်နေတာပါ .... :D



ကိုဇက်ရေ ကျွန်တော်တို့ရပ်ကွက်ကိုများ ကာတွန်းဆရာရောက်ခဲ့လားမသိဘူးဗျာ ..
တစ်ကယ်လွမ်းတာပါ ...
ဒီအချိန်ဆိုရင် ရေက အနည်းဆုံးတစ်ခါလောက်တော့အိမ်ထဲကိုဝင်ပြီးပြီပေါ့ ....

ဘာပဲပြောပြောလွမ်းတက်သူတစ်ယောက်အတွက်
အရာအားလုံးဟာ လွမ်းစရာတွေပါ ...
အမြဲ ဘုပြောတက်တဲ့ လမ်းထိပ်နားက အဖိုးကြီးကိုလဲလွမ်းတာပဲ..
လူငယ်တွေရှေ့မှာတော့ မိန်းမ မကြောက်သလိုနဲ့
နောက်ကွယ်မှာတော့ ဟုတ်ကဲ့ဟုတ်ကဲ့လို့ပြောတက်တဲ့ ဟိုအကိုကြီးကိုလဲလွမ်းတာပဲ..
(သူ့သမီးကတော့ အမိုက်စားလေးဗျ...ပြောရင်းတောင်လွမ်းလာပြီ... ဟိ ဟိ :D )
ညနေဘက် ပြည်သစ်တည်တို့ရဲ့ ကြက်တောင်ကွင်းမှာ အင်အားလာဖြည့်တက်တဲ့
ညီငယ်တွေကိုလဲ လွမ်းတာပဲ
အသက်ကြီးပေမယ့်မပျက်စီးပဲ ပြည်သစ်တည်တို့ အသည်းအသန်
ကစားခဲ့ရတဲ့ ဘိုးဘိုးကိုလဲလွမ်းတာပဲ...
ကိုဇက်၊ပြည်သစ်တည် တို့နဲ့အတူ လူပျိုလိုက်လုပ်တက်တဲ့
ဘေးခန်းက စပိန်နဲ့အင်္ဂလိပ် ဂိုက်ကြီးကိုလဲ လွမ်းတာပဲ...
အော်သူ့သားလေးတောင်အခုဆိုအတော်ကြီးလာလောက်ပြီ....
နောက်ဆုံး ကိုဇက်အိမ်က ခွေးလေးနှစ်ကောင်ကိုတောင်
သတိတရနဲ့လွမ်းဖြစ်သေးတယ်..
(ဒါတောင်တစ်ကောင်သေသွားလို့..)

လွမ်းချင်စွာဖြင့် ...
ပြည်သစ်တည်


ဒါကတော့ ညီငယ်မောင်ဆက်အတွက်ပါ...



စိတ်ဆိုးရဘူးနော် ငါ့ညီ..
ချစ်လို့စတာပါ...

စချင်စွာဖြင့်
ပြည်သစ်တည်...

Thursday, September 17, 2009

"Happy Birthday" .. zthegardener.blogspot.com

မွေးနေ့မှာ ပျော်ရွင်ပါစေ..
မွေးနေ့အတွက်ရော..
ကဗျာဆရာဖြစ်ချင်တဲ့ငါ့အကိုအတွက် ..
ပြည်သစ်တည်ပေးနိုင်တဲ့ မွေးနေ့လက်ဆောင်ပါ...

Wednesday, September 16, 2009

အားလုံးအတွက် Performance Arts



တစ်ချို့ တစ်ချို့ အရာတွေက မရှင်းပြတာ ပိုကောင်းပါတယ် ...
အားလုံးရီမောနိုင်ပါစေ.... (ရီပြီးမှမောရတာမဟုတ်ပါ)

Tuesday, September 15, 2009

Flash

Flash နဲ့ပတ်သတ်လို့ ပြည်သစ်တည် သိပ်မသိပါ..
နဲနဲပဲသိတဲ့အထဲက လူသိသိပ်များသေးဘူးလို့ထင်တဲ့
အကြောင်းအရာတစ်ခုကိုပြောပြပါ့မယ်..

ပြည်သစ်တည်တို့ website တွေမှာ menu bar လုပ်တဲ့အခါ
တစ်ခါတစ်လေ flash နဲ့လုပ်ကြပါတယ်..
အဲ့သည့်လိုလုပ်တဲ့အခါမှာ background အရောင်တွေဟာ
တစ်မျက်နှာနဲ့တစ်မျက်နှာ
တူတာရှိသလို မတူတာလဲရှိတက်ပါတယ်..
တစ်ခါတစ်လေ အောက်ခံ bg ကပုံတွေဖြစ်နေတက်ပါတယ်..
ဒါဆို ပြည်သစ်တည်တို့ တစ်မျက်နှာကို flash menu တစ်ခုလုပ်ရမှာပေါ့..
တစ်မျက်နှာကို bg တစ်ခုဖြစ်နေတာကိုး...
အခု အဲ့လိုလုပ်စရာမလိုတော့ပါဘူး..
flash bg ကို transparent ထားလိုက်ရင်ရပါပြီ..
အလွန်လွယ်ကူပြီ. အလွန့်ကိုအသုံးဝင်တဲ့ နည်းလေးပါ..

flash bg ကို transparent ထားချင်ရင် ..
properties ထဲက publish setting ကိုသွားပါ..
HTML ဆိုတဲ့ menu ကိုရွေးပါ..
window mode မှာ Transparent Windowless ကိုရွေးပါ..
Format ဆိုတဲ့ menu ကိုရွေးပါ..
type မှာ flash နဲ့ html ကိုရွေးပါ..
publish လုပ်ပါ..
လုပ်ပြီးရင် flash file save ထားတဲ့ folder ကိုသွားကြည့်ရင်
swf,fla,html ဖိုင်သုံးဖိုင်ကိုတွေ့ရပါလိမ့်မယ်..
အဲ့အထဲကမှ html ဖိုင်ကို notepad နဲ့ဖွင့်ပါ..

object tag ဟာ flash file ကိုပြတဲ့ tag တွေဖြစ်ပါတယ်..
အဲ့အထဲကမှ param name="wmode" value="transparent" ဆိုတဲ့ tag လေးကိုကူးပြီး
မိမိထည့်လို့တဲ့ html page ထဲက flash code တွေထဲကိုထည့်လိုက်ရင်
flash file ဟာ transparent ဖြစ်သွားပါလိမ့်မယ်..
ဒါမှမဟုတ် object tag အဖွင့်ကနေအပိတ်ထိကူးပြီး html က
table ထဲကိုထည့်လိုက်ရင်လဲဖြစ်ပါတယ်..
အလွန့်ကိုအသုံးဝင်တဲ့ နည်းဖြစ်ပါတယ်..

ဒါ flash menu တင်မဟုတ်ပါဘူး..
ကျန်တဲ့ နေရာတွေမှာပါသုံးလို့ရပါတယ်..
transparent သုံးရမယ့် နေရာအားလုံးမှာစမ်းသပ်သုံးစွဲနိုင်ပါတယ်..
ပြည်သစ်တည်သုံးထားတာကို ကြည့်ချင်ရင်တော့...
www.klskytour.com မှာသွားကြည့်နိုင်ပါတယ်..

Wednesday, September 9, 2009

09.09.09=27=9

ဒီနေ့ဆို နေကိုပတ်မိတာ ၂၇ ပတ်တိတိပြည့်ခဲ့ပြီ...

၂၇ နှစ်တာကာလအတွင်းမှာ ပြည်သစ်တည်ဘာတွေလုပ်ခဲ့လဲ
ညက ပြန်စဉ်းစားမိတယ်..
သူများဒုကရောက်အောင်ဘာများလုပ်ခဲ့မိသလဲ
ဘာမှတော့ မလုပ်ခဲ့ဘူးပါဘူး..
(ဒီလိုပဲတွေးရမှာပေါ့ :P)

သူများတွေကိုဘာများထူးထူးခြားခြားကူညီခဲ့လဲ.
့ထူးထူးခြားခြားသိပ်မရှိပါဘူး..
သူများကိုကူညီတယ်ဆိုတာက ကိုယ်ကလည်းကူညီနိုင်တဲ့အဆင့်တစ်ခုမှာ
ရှိနေမှ ကူညီနိုင်တာမျိုးလေ..
ပြည်သစ်တည် က အဲ့ဒိလောက်အထိ မမြင့်မားသေးပါဘူး..

ဒီနေ့ ပထမဆုံး သတိရမိတာက အမေ..
မနေ့ညကတောင်ဖုန်းဆက်လိုက်သေးတယ်..
အမေ့အသံက အရင်ကအတိုင်းပဲ..
ဘာမှမပြောင်းလဲဘူး..
ပြောင်းလဲတာက ပြည်သစ်တည်ကို happy birthday လို့ ပြောတာပဲ
ပြည်သစ်တည် အခု ၂၇ နှစ်ရှိပြီ
အမေတစ်ခါမှ အခု လိုမပြောဘူးဖူး..
ပြည်သစ်တည်မွေးနေ့ဆို ဘုရားသွားပေးတယ်..
တစ်ခြား ကုသိုလ်ကောင်းမှုတစ်ခုခုလုပ်ပေးတယ်..
ဒီနေ့သားမွေးနေ့နော် လို့ပဲပြောဖူးတယ်..
အင်္ဂလိပ်လိုတစ်ခါမှ မပြောဖူးဘူး..

နောက်ညီတော်မောင်
ဟ ဟ ဒီကောင်ကလည်းဆုတောင်းပေးလိုက်ပါတယ်..

လင်းလင်း
သူကတော့သူများတွေထက်ဦးအောင်တဲ့
တင်္နလာနေ့ကတည်းက ဆုတောင်းပေးသွားတယ်..

ကိုဇက်ကတော့
အလုပ်တွေမအားတဲ့ ကြားထဲကနေ ကတိုက်ကရိုက်
ကဗျာလေးတစ်ပုဒ်ရေးပြီး လက်ဆောင်ပေးတယ်..
သူ့လက်ဆောင်အယူအဆကလည်းကောင်းပါတယ်..
ပုံတူအရင်ဆွဲထားပြီးမှ တူတဲ့ သူလိုက်ရှာတဲ့နည်းတဲ့

နောက်ထပ်နှုတ်ဆက်တဲ့
ညီလေး johnbravoster


မနှစ်က မွေးနေ့ကို သတိရတယ်..
သူငယ်ချင်းတွေနဲ့ လင်းလင်းနဲ့ မနက်စာသွားစားကြတယ်..
ရုပ်ရှင်ကြည့်တယ်..
အဲ့လိုအချိန်လေးတွေပြန်ရနိုင်ပါ့အုံးမလား..
ပြန်ရခဲ့သော်လည်း အဲ့အချိန်တုန်းက ခံစားမှုမျိုးကို ဘယ်လိုခံစားလို့ရနိုင်တော့မှာလဲ..

ဒီနေ့ဟာ ခါတိုင်းမွေးနေ့တွေနဲ့မတူတဲ့ မွေးနေ့ဖြစ်မှာပါ.
အလုပ်နဲ့ နေတဲ့အခန်းကျဉ်းလေး...
အခန်းကျဉ်းလေးနဲ့ အလုပ်...
နှစ်ခုကြားက ဘယ်တော့များမှာ ရုန်းထွက်နိုင်မလဲမသိဘူး..
ပိုက်ဆံကို ရှာနေရတဲ့ ဘ၀ ကနေ ပိုက်ဆံက ကိုယ့်ကိုပြန်ရှာရမယ့် ဘ၀ကို
တစ်ခါတစ်လေစဉ်းစားမိတယ်..
အော် ... အဲ့လိုဘ၀မျိုး ဘယ်တော့များမှ ရောက်မလဲ..
အခု တော့ ပြည်သစ်တည် မသိတဲ့ server problem တစ်ခုကို ခေါင်းကိုက်ခံပြီ
ဖြေရှင်းရအုံးမယ်..

အလုပ်တွေကြားထဲက ... ပျော်ရွင်စရာကောင်းတဲ့မွေးနေ့ဖြစ်ပါစေ ပြည်သစ်တည်ရေ ...

ဒီနေ့မှာမွေးဖွားခဲ့သူတွေကို ပြည်သစ်တည်သိသလောက်ပြောပြမယ်.. :D

Hugh Grant

Leo Tolstoy

James Hilton

နေတိုး

ကိုယ်နဲ့သိသိမသိသိ
ဒီနေ့မွေးဖွားတဲ့သူတွေအားလုံးကို Happy Birthday ပါ..
ပြန်ပြီးဆုတောင်းနိုင်သူရော ဆုမတောင်းနိုင်ကြတဲ့သူတွေအားလုံးကိုရည်ရွယ်ပါတယ်...

Tuesday, September 8, 2009

ဟာသ

ဟာသဆိုတာလူတိုင်းနားလည်ခံစားနိုင်တဲ့အရာပါ..
အရင်ထဲက ဟာသကိုကြိုက်တက်ပေမယ့်
အခုလောက်ထိတော့မမက်မောခဲ့ပါဘူး..
အခုဆို ညနေပြန်ရောက်တာနဲ့ ထမင်းစားပြီး ကာတွန်းပဲ
ထိုင်ဖတ်နေတယ်..
ပြီးမှလုပ်စရာရှိတာလုပ်တယ်.. တစ်မျိုးမထင်ပါနဲ့ ရုံးကယူလာတဲ့
အလုပ်တွေကိုပြောတာပါ.. :P
အရင်ထဲက ပြည်သစ်တည် blog မှာ ဟာသအတိုလေးတွေရေးချင်ပါတယ်..
ဒါပေမယ့် ရေးမယ်ကြံတိုင်း အတွေးတွေက ပျောက်ပျောက်သွားတယ်..
အခုရေးမယ့် ဟာသတွေဟာ ပြည်သစ်တည် ဖတ်ထား မှတ်ထားတဲ့အထဲက ပါသလို
သူငယ်ချင်းတွေ ပြောပြကြတဲ့ အထဲကလဲပါ ပါတယ်.

အရုးထောင် (1)

အရူးထောင်တစ်ခုမှာ ဆေးသုတ်တာဝန်ကျတဲ့သူတစ်ယောက် လှေကားနဲ့
ဆေးသုတ်နေတာကို အရူးတစ်ယောက်က လာကြည့်တယ်..
အရူး : ဟေ့လူ ဘာတက်လုပ်နေတာလဲဗျ
ဆေးသုတ်သမား : ဆေးသုတ်နေတာလေဗျာ.
အရူး : ခင်ဗျားလက်ထဲက ဘာကိုင်ထားတာလဲ
ဆေးသုတ်သမား : ဆေးသုတ်တဲ စုပ်တန်ပေါ့ဗျ.
အရူး : ခင်ဗျားအဲ့တာကို သေသေချာချာ ကိုင်ထားနော်
ဆေးသုတ်သမား : အေး.
အရူး : ဒါဆို ကျွန်တော် လှေကားဆွဲချလိုက်တော့မယ်.

အရူးထောင် (2)

တစ်ရက်ဂျာနယ်တိုက်တစ်ခုကို သတင်းတစ်ခုရောက်လာတယ်
အရူးထောင်မှတ် ၁ က အရူးတွေဆေးရုံကိုရောက်လာတာများတယ်.
ဒီသတင်းကိုလိုက်ဖို့အတွက် အယ်ဒီတာက သတင်းထောက်လေးကို တာဝန်ပေးလိုက်တယ်
သတင်းထောက်လဲ အရုးထောင်ကို အပြေးအလွှားသွားသတင်းယူတာပေါ့
အရူးထောင်လဲရောက်ရော တိုက်ခေါင်မိုးပေါ်ကနေ အရူးတွေ ကျ ကျ လာတာကို
တွေ့ပြီး ခေါင်မိုးပေါ်တက်သွားတယ်
ခေါင်မိုးပေါ်မှာ အရူးတွေက တန်းစီပြီး အောက်ကိုခုန်ချနေကြတယ်
ဒါနဲ့ အနီးမှာ ရှိတဲ့ လူတစ်ယောက်ကိုမေးလိုက်တယ်
"ဟေ့မင်းတို့ဘာလုပ်နေကြတာလဲ.."
"လေယာဉ်မောင်းနေတာလေ"
"ဒါနဲ့ ဆေးရုံအုပ်ကြီးရော "
"ပထမဆုံးလေယာဉ်နဲ့ပါသွားပြီ"

မြန်မာဘော်လုံးလောက..

အခုဆိုရင်ပြည်သစ်တည်တို့နိုင်ငံမှာ professional ဘောလုံး league တစ်ခုကို
အောင်အောင်မြင်မြင် ကျင်းပနေပါပြီ..
ဘောလုံးရာသီတစ်ခုစတော့မယ်ဆိုရင် ဘောလုံးသမားတွေဝယ်ကြ
ရောင်းကြ။ ငှားကြ၊ ပေါင်ကြနဲ့ပျော်စရာကြီးပါ..

ဒီအချိန်အမှတ်မထင်တွေ့လိုက်တဲ့ ကာတွန်းလေးတစ်ခုကို
အားလုံး မျှဝေခံစားနိုင်အောင် ထည့်သွင်းပေးလိုက်ပါတယ်..
copy right ဖြစ်လာခဲ့ရင်ပြည်သစ်တည်မှာလျှော်စရာမရှိပါ.. :D




ကာတွန်းဆရာတွေးလဲတွေးစရာပါ..
အခု ဒုတိယမြောက်ရာသီ နှစ်ပွဲကစားပြီးချိန်အထိ
ဂိုးအများဆုံးသွင်းထားတဲ့သူတွေက နိုင်ငံခြားကစားသမားတွေဖြစ်နေပြီး
မြန်မာ ဘော်လုံးသမားတွေဂိုးမသွင်းနိုင်ဘဲ နိုင်ငံခြားကစားသမားတွေပဲ
ဂိုးသွင်းတဲ့ပွဲတွေတောင်ရှိသတဲ့ဗျာ..

ဝယ်လိုက်ကြတဲ့ ကစားသမားတွေကလဲ
ကာတွန်းထဲတွေ့တဲ့အတိုင်း ငမဲတွေကြီးပဲ..
မြန်မာဘော်လုံးသမားထဲကဆိုလို့ ပြည်သစ်တည်သိသလောက်
၆ ယောက်လောက်ပဲရှိတယ်..
နာမည်ကြီးထဲက တစ်ယောက်ပဲအပြောင်းအရွေ့ရှိတယ်..

''မြန်မာ့ အားကစား အာဖရိက ကိုလွှမ်းရမည်"

Wednesday, September 2, 2009

MDA

အခုတစ်လော ပြည်သစ်တည် blog ဘက်မလှည့်နိုင်ပေ..
အလုပ်ရှုပ်သည်..
အရှုပ်လုပ်သည်..
MDA ကိုသွားသည်...

တစ်ခါတစ်လေ အလုပ်ရှုပ်သည်ဟုပင်မပြောချင်တော့..
အဘယ့်ကြောင့်ဆိုရမူ..
အလုပ်မရှုပ်သောနေ့မရှိသောကြောင့်ဖြစ်သည်...

ဒါပေမယ့်ဒီနေ့တော့နည်းနည်းအားသည်..
ကာတွန်းထပ်တင်မည်ကြံသော်လည်း....
မတင်ဖြစ်..
စာရေးမည်ကြံသော်လည်း...
ဘာရေးရမှန်းမသိဖြစ်နေသည်...

ထို့ကြောင့် MDA ပဲထပ်သွားသည်..
သူတို့ ၀ိုင်း "အာ" ထားသော ကိုယ့် design များကိုသွားကြည့်သည်..
လိုအပ်သည်များကို အနာဂတ်တွင်ပြင်ဆင်မည်ဟု တေးထားသည်...
သူများ design ကို ကိုယ့်အလှည့်တုန်းက ခံထားရသမျှ အတိုးချပြီး
"အာ" သည်..

တစ်ကယ်ဆို MDA သည် ပြည်သစ်တည်အတွက် new world ပင်ဖြစ်သည်..

ကိုယ်ကသူများတွေလို စာကိုဟုတ်တိပတ်တိရေးတက်သူလည်းမဟုတ်...
ကဗျာကလည်းကျောင်းသားဘ၀ လွယ်အိတ်တွေနဲ့အတူ ပျောက်သွားပြီ...