Saturday, December 19, 2009

ပြည်သစ်တည်နှင့် service…

အခုတစ်လော service ဆိုတဲ့အကြောင်းကို တော်တော် ကြားနေရပါတယ်..
ရုံးမှာလည်း ငါတို့ ရုံးက service နဲ့ပတ်သတ်ရင်အကောင်းဆုံး
လုပ်ပေးနိုင်တဲ့ ရုံးဖြစ်ရမယ်..
Server ရောင်းတဲ့ ကုပဏီကလည်း သူတို့ရဲ့ service က
မလေးရှားမှာအကောင်းဆုံး ပဲတဲ့
ဟိုတစ်လောက ရောက်ခဲ့တဲ့ HP Service Centre ကလည်း
သူတို့ရဲ့ service အပေါ်သင်ရဲ့
အမြင်ကို စစ်တမ်းကောက်ခံခဲ့ပါတယ်..
အကောင်းဆုံး service ကိုအစိမ်းရောင်
အလယ်အလတ်ကို အ၀ါရောင်
အညံဆုံးကို အနီရောင်ပလာဆတာလေးတွေနဲ့ခွဲထားပါတယ်..
စဉ်းစားလို့မရတာက အနီရောင်မလာဆတာဗူးထဲမှာ
အနီရောင် ပလာဆတာတစ်ခုမှမရှိတာပါပဲ…
နောက်ဆုံး ဟိုနေ့ကသွားစားတဲ့ စားသောက်ဆိုင်က တရုတ်ကြီးကတောင်
ဝ ဆိုင်က ဒီိမလေးရှားတစ်နိုင်ငံလုံးမှာ အကောင်းဆုံး service ပေးနိုင်တဲ့ ဆိုင်တဲ့
Service နဲ့ပတ်သတ်ပြီးစဉ်းစားမိတာပါ..

ဟုတ်သော်ရှိ မဟုတ်သော်ရှိ service နဲ့ပတ်သတ်တဲ့ အကြောင်းလေးကို စဉ်းစားမိ
သလောက် ရေးလိုက်ပါတယ်….



တစ်ညနေမှာ မောင်ဇက်တစ်ယောက်အလုပ်မှာ အချိန်ပိုလုပ်ပြီးပြန်လာပါတယ်..
အလုပ်တွေများလွန်းလို့ မေ့ထားတဲ့ ဗိုက်က အခုမှဆာလာပါတယ်..
ဒါနဲ့နီးစပ်တဲ့ ဆိုင်တစ်ဆိုင်ကို ညနေစာစားဖို့ဝင်လိုက်ပါတယ်.
ဆိုင်ထဲက ဧည့်ကြိုဝန်ထမ်းလေး မောင်ဆက် ပြေးထွက်လာပါတယ်..
“ ဆရာ.. ညနေစာစားမလို့လား “
“ အေးကွာ “
“ ဆရာ ဘယ်လိုနေရာမှာထိုင်ချင်လဲ… တစ်ယောက်ထဲလား … တစ်ယောက်ယောက်ကိုစောင့်အုံးမလား… နှစ်ယောက်ထိုင်စားပွဲစီစဉ်ပေးရမလား… “
" ငါ့ဗိုက်ဆာနေလို့ စားစရာတစ်ခုခုရနိုင်မလား "
" ဆရာကလည်း ထိုင်ဖို့ကပိုအရေးကြီးတယ်လေ..
ဆရာက တစ်ယောက်ယောက်နဲ့ချိန်းထားရင်
ဟိုရေကန်လေးနားက ပိုပြီး ကြည်နူးဖို့ကောင်းတယ်..
အလုပ်ကိစဆိုရင်တော့ သီးသန့်ခန်းရှိတယ်.. "
“ ငါဗိုက်အရမ်းဆာနေလို့်.. မြန်မြန်စားလို့ရမယ့် အစားအစာတစ်ခု စီစဉ်ပေးကွာ “
“ မြန်မြန်စားလို့ရတာဆိုရင်တော့ ပေါင်မုန့်နဲ့ ကြက်ဥကြော်ရှိတယ် ဆရာ “
“ အေး အဲ့တာပဲစီစဉ်ပေးကွာ “
“ ဆရာ ပါမုန့်ကိုဘယ်လိုလုပ်ပေးရမလဲ ကင်ပေးရမလား
ကင်တဲ့အခါကျွတ်နေအောင်ကင်မလား နဲနဲပဲ ကင်မလား
ပါမုန့်ကင်စက်နဲ့ကင်ပေးရမလား ရိုးရိုးမီးနဲ့ကင်ပေးရမလား.. “
“ အဆင်ပြေသလိုလုပ်ကွာ ငါဗိုက်အရမ်းဆာနေပြီ “
“ကြက်ဥကရော တစ်လုံးလုံး ကျက်နေအောင် ကြော်ပေးရမလား
တစ်ဝက်ကျက်ပဲလား… ကြက်သွန်ကရော ဘယ်လိုပုံစံစားမလဲ
မကျက်တစ်ကျက်ပဲလား… အချဉ်ကရော ဘယ်လိုစားချင်လဲ..
ကျွန်တော်တို့ဆိုင်က အထူးပြုလုပ်ထားတဲ့အချဉ်ပဲစားမလား..”
“ အာ.. ဗိုက်ဆာနေပါတယ်ဆိုမှ
တော်ပြီကွာနောက်တစ်ဆိုင်သွားတော့မယ်.. “

ဒီအချိန်မှာ ဆိုင်ရဲ့ supervisor မောင်မျိုးပြေးထွက်လာတယ်..
“ ဆရာရယ်သည်းခံပါ.. သူကလူသစ်မို့ပါ.. ကျွန်တော်အဆင်ပြေအောင်
လုပ်ပေးပါ့မယ်.. ပေါင်မုန့်နဲ့ ကြက်ဥကြော်စားမှာမလား ကျွန်တော်အဆင်ပြေအောင်
လုပ်ပေးပါ့မယ်… “
“ အေးကွာ အဲ့တာဆိုပြီးရော အခုလောလောဆယ်ရေတစ်ခွက်ပေး “
“ ဆရာ ဘယ်လိုရေသောက်ချင်လဲ ရေသန့်လား ရိုးရိုးရေလား..
နိုင်ငံခြားကလာတဲ့ ရေလား … အေးတဲ့ရေလား.. ရေခဲနဲ့သောက်ချင်လား ရိုးရိုးပဲသောက်မလား ….ဘယ်လိုရေသန့်မျိုးကိုသောက်ချင်သလဲ……”
“ xx+XX@+=xxxx-_=@#...”


:) လွန်ခဲ့တဲ့ ၅နှစ်လောက်တုန်းက ဖတ်ဖူးတဲ့ စာလေးကို စဉ်းစားမိတာနဲ့
အခုလောလောဆယ်ကြုံတွေ့နေရတာလေးတွေတိုက်ဆိုင်လို့ရေးလိုက်တာပါ..
ကိုဇက်နဲ့ မောင်ဆက် ….. ငါ့အစ်ကိုနဲ့ ငါ့ညီတို့ရဲ့နာမည်တွေသုံးထားလို့ စိတ်မဆိုးကြပါနဲ့ :)

Monday, December 7, 2009

အလုပ်၊နာရီနှင့်စက်ရုပ်များ…

မနက်အိပ်ရာထတယ်…
နာရီနှိုးစက်က ၈.၂၀ ဆိုနှိုးတယ် နဲနဲနှပ်လို့ရသေးတယ်
၈.၃၀ အတင်းထ အိပ်ချင်မူးတူးနဲ့ ဘုရားရှိခိုး….
၉.၀၀ မှာ ရေချိုး ၉.၁၅ မှာ ကားဂိတ်သွား..
၉.၂၀ မှာ ကားလာတယ်…
၉.၃၅ မှာ ရုံးရောက်တယ်…
အလုပ်များစွာကို နာရီမလပ် စက်ရုပ်တစ်ရုပ်လို စတင်လုပ်တော့မယ်….
……………
……………….
………


Computer ဖွင့်တယ်…
Email ဖွင့်တယ်.
Dreamwaver ဖွင့်တယ်…
Photoshop ဖွင့်တယ်..
Illustrator ဖွင့်တယ်…
Flash ဖွင့်တယ်….
…………..
……………….
………….

‘ ဆာဗာဒေါင်းသွားတယ်….’
‘ ဒီဇိုင်းက ပြန်ပြင်ရမယ်…’
‘ မနေ့က update လုပ်ထားတဲ့ site ကပြီးပြီလား…’
‘ ဒီနေ့ ၂ နာရီ meeting ရှိတယ် နေ့လည်စာကိုစောစောစားထား…’
‘ name card design ကပြီးသွားပြီလား…’
‘ fe သူဌေးဖုန်းဆက်တယ် updating page တွေမှာ typo error တွေများနေတယ်တဲ့..’
‘ logo design ကိုဒီနေ့လိုချင်တယ်တဲ့…’
‘ website အသစ်က ဒီနေ့ dead line နော်….’
‘ programmer က fla file လိုချင်လို့တဲ့….’
…………
……………………….
………

အရာအားလုံးကိုမေ့သွားပြီ.
ရန်ကုန်..
အိမ်…
အမေ…
ကိုပေါက်….
လင်းလင်း….
………
………………
ငါးရာတန်..
တစ်ထောင်တန်…
ငါးထောင်တန်………

၅.၃၀ ရုံးဆင်းတယ်..
၆.၃၀ မှပြန်တယ်…
ကားတွေပိတ်နေတဲ့အတွက် ၇.၁၅ မှအိမ်ပြန်ရောက်တယ်..
အခန်းဖွင့် ..
ရေချိုး…
ခေါက်ဆွဲစား…
အလုပ်နဲနဲလုပ်…
နောက်တစ်နေ့ အလုပ်လုပ်နိုင်ဖို့အတွက် သံပါတ်ပေး….
………
……….
……………….

မနက်အိပ်ရာထတယ်…
နာရီနှိုးစက်က ၈.၂၀ ဆိုနှိုးတယ် နဲနဲနှပ်လို့ရသေးတယ်
၈.၃၀ အတင်းထ အိပ်ချင်မူးတူးနဲ့ ဘုရားရှိခိုး….
၉.၀၀ မှာ ရေချိုး…………..
…………………….
…………………………………………………………
……………… ။ ။

Friday, December 4, 2009

တစ်နှစ်...

ဒီနေ့ဆို KLHunter မှာအလုပ်လုပ်တာ တစ်နှစ်ပြည့်သွားပါပြီ..
လွန်ခဲ့တဲ့တစ်နှစ်တုန်းက ဒီလိုနေ့မှာစတင်ခဲ့တာ
အခက်အခဲပေါင်းများစွာနဲ့ ကြုံခဲ့ရတယ်..
အလုပ်ကနေထွက်ဖို့ အကြိမ်များစွာစိတ်ကူးဖြစ်တယ်..
တနလာင်္နေ့မှာရုံးမသွားချင်ဘူး...
အခက်အခဲပေါင်းများစွာကိုဖြတ်သန်းပြီးတဲ့နောက်
တစ်နှစ်ဆိုတာကိုရောက်ခဲ့ပါပြီ....

ပြန်တွေးကြည့်ရင် သိပ်မကြာလိုက်သလိုပါပဲ...
Senior Designer တစ်ယောက်ဖြစ်လာတယ်..
သိပ်ဖြစ်ချင်တဲ့ Project Leader တစ်ယောက်ဖြစ်လာတယ်..
တကယ်ဖြစ်လာတဲ့အခါကျတော့ အရင်က Junior Designer ဘ၀လေးကိုပဲပြန်လွမ်းတယ်..
Junior ဘ၀တုန်းက လွတ်လပ်တယ်..
်ဦးနှောက်၊အတွေး တွေကို Design တစ်ခုတည်းအတွက်သုံးလို့ရတယ်...
အိမ်ကိုအလုပ်ပါတာနဲတယ်..

Senior ဖြစ်လာတဲ့အခါကျတော့ အိမ်ကိုနေ့တိုင်းနီးပါးအလုပ်ပါတယ်..
အလုပ်မပါရင်တောင် အတွေးတွေပါလာတယ်..
ဦးနှောက်နဲ့ အတွေးတွေကို Design အပြင်အခြားသော အရာတွေကိုပါဖဲ့ပေးလိုက်ရတယ်.
SMS က 24 နာရီ လာတယ်..
Public Holiday ဆိုတာ သိပ်မရှိတော့ဘူး
တစ်ခါတစ်လေ ပိတ်ရက် မနက်ပိုင်းအိပ်နေတုန်းဖုန်းလှမ်းဆက်လို့
ရုံးကိုပြေးခဲ့ရတဲ့ရက်တွေသိပ်များလာတယ်....

Pressure တွေများလာတာနဲ့အမျှ စိတ်တိုတက်လာတယ်.
သိပ်မပြုံးတက်တော့ဘူး... ဘယ်လိုရီရလဲတောင်မေ့နေ့လို့
အိမ်ပြန်ရောက်ရင် မှန်ကြည့်ပြီးပြန်လေ့ကျင့်နေရတယ်...
စက်ရုပ်တွေဖြစ်လာကြပါပြီ...

မျောက်ကနေလူဖြစ်လာဖို့
အချိန်တွေအများကြီးပေးခဲ့ရပေမယ့်..
လူကနေစက်ရုပ်ဖြစ်ဖို့တော့ အချိန်သိပ်မကြာပါဘူး..
စက်ရုပ်ဖြစ်သွားတဲ့လူကနေ
လူစစ်စစ်ပြန်ဖြစ်ဖို့အတွက်ကတော့...........
...................