Friday, July 31, 2009

Cartoon..

ဒီနေ့ သဘောကျစရာကောင်းတဲ့ကာတွန်းတစ်ကွက်ကိုမထင်မှတ်ပဲတွေ့လိုက်ရတယ်...
bi weekly eleven ထဲကပါ..
ဒီကာတွန်းကိုကြည့်ပြီး စဉ်းစားစရာတွေအများကြီးရလာပါတယ်..
ကျွန်တော်စဉ်းစားထားတာတွေပြောပြလိုက်ရင် စာဖတ်သူတို့စဉ်းစားတဲ့အခါ
ဘောင်ကျဉ်းသွားမှာစိုးလို့မပြောတော့ပါဘူး..

ခံစားနိုင်အောင်သာတင်ပြလိုက်ပါတယ်..

Thursday, July 30, 2009

Server Problem...

ဒီနေ့ update လုပ်ရတဲ့ website ရဲ့ server က ဗိုင်းရပ်စ် ထိထားတာလား..
hack လုပ်ခံထားရတာလား ဘာလဲတော့မသိဘူး..
တင်လိုက်တဲ့ page တိုင်း photos တွေ missing ဖြစ်နေတယ်..
တစ်ခါတစ်လေ page တွေပျောက်နေတယ်..
ဘယ်လိုဖြစ်မှန်းမသိဘူး..

designer တစ်ယောက်ကို server problem လာဖြေရှင်းခိုင်းတာဟာ
တကယ်တော့တော်တော် ရီဖို့ကောင်းတာဗျ..
ရုံးမှာ ရှိတဲ့လူနဲ့ အလုပ်နဲ့ မမျှတဲ့အခါကျတော့
တစ်ခါတစ်လေ ကိုယ်ပဲ designer ...
ကိုယ်ပဲ html ပြောင်းတဲ့သူ..
ကိုယ်ပဲ programmer...
ကိုယ်ပဲ java သမား..
ကိုယ်ပဲ web master...
ကိုယ်ပဲ server uploading လုပ်သူ..
all in one ပေါ့.. :D
တကယ်တော့ တစ်ခါတစ်လေ မဟုတ်ပါဘူး..
အမြဲတမ်းပါပဲ... :P

ဒီ server မှာကျွန်တော်အမြဲတမ်းကြုံရတဲ့ ပြသနာက
server uploading လုပ်ရင် server ကို file ရောက်သွားကြောင်းပြပြီး online မှာ ပြန်ကြည့်ရင်
အဲ့ဖိုင်ကပျောက်နေတယ်..
အရင်ကတော့ ဟိုဟာကလိ..
ဒီဟာကလိနဲ့ နောက်ဆုံးအဆင်ပြေသွားပေမယ့်..
ဒီနေ့တော့ တော်တော်ရွာလည်နေတယ်..
အခုဒီ post ကိုရေးနေတဲ့အထိတော့ ဘာမှထူးမခြားလာသေးဘူး..
တစ်ခါတစ်လေတော်တော်လေးကိုစိတ်ပျက်ဖို့ကောင်းတယ်..

အခုတော့ ပြန်ကြိုးစားလိုက်အုံးမယ်..
အရင်တစ်ခါကလည်း တစ်ခြား website တစ်ခုကို upload လုပ်တာ..
သူတို့က password နှစ်ထပ်ခံထားတာကိုလျှောက်ကလိရင်း
online ပေါ်မှာ ပုံတွေပျောက်ကုန်တယ်.. ဟ ဟ .... :D
ဒီတစ်ခါလည်း တစ်ခုမဟုတ်တစ်ခုတော့ဖြစ်မှာပေါ့..

Tuesday, July 28, 2009

ဟိုရောက်ဒီရောက်......

မနေ့က website တစ်ခုအပြီးသတ်သွားတဲ့အတွက် ဒီနေ့ နဲနဲအားနေပါတယ်...
နဲနဲပဲအားတာပါ.
ဒီအချိန်မှာ စဉ်းစားမိတာက ဒီလကုန်ရင် လစာတိုးတောင်းရင်ကောင်းမလားဆိုတာပါပဲ..
ဒီလကုန်ရင် ၈ လတင်းတင်းပြည့်ပြီမို့လစာတိုးမယ်ဆိုရင် တိုးဖို့အဆင်သင့်ဖြစ်နေပါပြီ..
လုပ်ရတာနဲ့ ရတာမကာမိဘူးလို့လဲတစ်ခါတစ်လေစဉ်းစားမိပါသေးတယ်.. :P
ဒီလိုပါပဲ လွန်ခဲ့တဲ့ ၈ လလောက်တုန်းက အော် ငါဒီလစာရတာအတော်ကံကောင်းပါကလားပေါ့..
အခုတော့ အဲ့ဒီအတွေးတွေဘယ်ပျောက်သွားသလဲမသိဘူး.. :P

အခုနောက်ဆုံးလုပ်ပေးလိုက်တဲ့ website ကို client ရော ကျွန်တော့် boss ပါတော်တော်ကြိုက်တယ်..
အနက်ရောင်မကြိုက်တဲ့တရုတ်တွေ
ဘာကြောင့်အနက်ရောင်ကိုကြိုက်သွားလဲဆိုတာကျွန်တော်မစဉ်းစားတက်ပါဘူး..
လေ့လာချင်ရင်တော www.uniquecar.com.my ကိုသွားပြီးလေ့လာနိုင်ပါတယ်..
နဲနဲထပ်ကြွားချင်တာက ဒီ site အတွက် ကျွန်တော်အချိန်နှစ်ပတ်ပဲရပါတယ်..
တကယ်လုပ်လိုက်တာ ၁၀ ရက်ပဲကြာပါတယ်.. (ကြွားတာ.. :D)

တရုတ်ဆိုလို့ ကျွန်တော့်အကိုပြောတာသွားသတိရမိတယ်.
တရုတ်ဆိုတာ နှစ်မျိုးပဲရှိတယ်တဲ့..
ရ ရုပ်တဲ့တရုတ်နဲ့
ယ ယုတ်တဲ့ တရုတ် နှစ်မျိုးပဲရှိတယ်..

ဒီနေ့ နောက် website တစ်ခုအတွက် PHP စသင်ရတယ်..
နှစ်ရက်ပဲသင်ပေးမှာတဲ့..
programming ဆို နကန်းတစ်လုံးမှနားမလည်တဲ့ကျွန်တော့်အတွက်
သင်တာသင်တယ်..
နွားကို ပလာတာကျွေးသလို..
ဆိတ်ကို လန်ဒန် တိုက်သလို...
ဝက်ကို TV ပြသလို ဘာမှနားမလည်ဘူး..
ဒီနေ့တော့ သူဌေးက ဖုန်းဆက်ပြီး မေးတယ် ဘယ်လိုလဲပြည်သစ်တည် မင်းလုပ်နိုင်မလားဆိုတော့...
အော် အင်း နဲနဲတော့အချိန်ယူရမယ်ထင်တယ် လို့ခပ်တည်တည်နဲ့ပြန်ပြောလိုက်တယ်..
နဂိုကတည်းက စာရိုက်ရင်ဒီလောက်မှားတဲ့ကောင် programming သမားလုပ်ရင်
code တွေကိုဘယ်လောက်မှားအောင်ရိုက်မလဲမသိဘူး...

အခုထိဘာမှ မလေ့လာရသေးဘူး..
PHP ဆိုလို့ Phyu's Home Phone ပဲသိတယ်.. :P
နှစ်ရက်နဲ့ ဘယ်လိုနားလည်အောင်ကြည့်ရမယ်ဆိုတာ နည်းလမ်းလေးရှိရင်မျှဝေပါအုံးခင်ဗျာ..

ဒီကြားထဲ သူငယ်ချင်းတစ်ယောက်က GTalk ကနေတစ်ချိန်လုံး မင်းအားပြီလား..
မင်းအားပြီလားနဲ့ တစ်မေးတည်းမေးနေတယ်...

အော် ဘ၀ ဘ၀ (ဘာမှလည်းမဆိုင်ဘူး..)
blog ရေးခြင်းကဘယ်လောက်ထိပျောက်နေအုံးမယ် အသိဘူး..
PHP ကိုလေ့ဘာရအုံးမယ်...

Monday, July 27, 2009

အဖေ.....

အဖေဆုံးတာ ဒီနေ့ဆိုရင် ၉ နှစ်တိတိပြည့်ပြီ။
လွန်ခဲ့တဲ့ ၉ နှစ်ရန်ကုန်ဆေးရုံကြီးရဲ့ အထူးကုသဆောင် ကုတင်နံပါတ် ၇ ထက်
ကျွန်တော့် ညီရဲ့လက်ပေါ်မှာ ဆုံးသွားတယ်။

ဘယ်သူပြောတာလဲဆိုတာတော့ အသေအချာမမှတ်မိတော့ဘူး..
"အဖေဆိုတာ ဘာမှမလုပ်နိုင်ပဲ အိမ်မှာထိုင်နေသည့်တိုင်အောင်
အားလုံးအတွက်လုံခြုံမှုပေးနိုင်တယ်တဲ့.."

တကယ်ဆိုဒီနေ့ကျွန်တော်အတော့်ကိုအလုပ်များနေပါတယ်။
ဒါပေမယ့် ကျွန်တော့အဖေရဲ့ နှစ်ပတ်လည်နေ့မှာ ကျွန်တော့်အနေနဲ့တစ်ခုခုလုပ်ပေးနိုင်ဖို့အတွက်
အချိန်လုပြီးရေးလိုက်တာဖြစ်ပါတယ်..

ကျန်တဲ့ ကျွန်တော့်အစ်မ၊ညီနဲ့အကို ကလည်းသူတို့နည်းသူတို့ဟန်နဲ့အမှတ်တရလေးတွေလုပ်ကြမှာပါ..

သေသောသူကြာရင်မေ့ဆိုပေမယ့် အဖေ့ကိုသားတစ်ရက်မှ မေ့လို့မရခဲ့ပါဘူးအဖေ...
အခုသားတို့ဖြစ်နေတဲ့ ပြသနာတွေကိုအဖေသိရင်ဘာပြောမှာလဲအဖေ..
အဖေ့ရဲ့ဝေဖန်ချက်လေးကိုသားကြားချင်တယ်အဖေ..
လွမ်းတယ်အဖေ..

"အဖေ"

အဖေနင်းဖြတ်ခဲ့တဲ့ ဘ၀ရဲ့ ဆူးတောအပြည့်နဲ့လမ်းထဲ

အဖေပေးသွားခဲ့တဲ့ မြေပုံလမ်းပြ Compass လေးနဲ့

ရှည်လျားလွန်းတဲ့ လောက တောနက်ထဲ ကျွန်တော်ရောက်နေပြီ အဖေ

သင်ကြားသွားခဲ့တဲ့ အဖေရဲ့ စကားသင်ခန်းစာများနဲ့

အဖေမရှိတော့တဲ့နောက်မှ အထပ်ထပ်တွေးခေါ်ရင်နဲ့

တန်ဖိုးတွေ နားလည်ခဲ့ပြီ အခွင့်ရှိသေးရင် ကြားချင်တယ် အဖေ

အဖေမရှိတဲ့နောက် . . .

လူလားမြောက်တဲ့နောက် . . .

သုညဘ၀ကစလို့ ရုန်းကန်မြှင့်တင်ပေးခဲ့

ရင်ကော့ ခေါင်းမော့လို့ သေမလောက်ဆိုးတဲ့ လောကဓံတရားကို

ဖြေရှင်းတိုက်ခိုက်ခဲ့ပေးတဲ့ သတ္တိမျိုး ကျွန်တော်ရှိချင်တယ်အဖေ

အဖေထွန်းညှိခဲ့တဲ့ အမှောင်ကိုခွင်းမယ့် လမ်းပြမီးနဲ့

အဖေနင်းဖြတ်ခဲ့တဲ့ အနာဂတ်လောကအကျိုးသယ်ပိုးမယ့်

ကျွန်တော့်ကိုယ်ထဲမှာလည့်ပတ် အဖေ့ရဲ့သွေးတွေ ရဲပါတယ်အဖေ

အဖေမရှိတဲ့နောက် . . .

လူလားမြောက်တဲ့နောက် . . .

လှိုင်းထန်လေထဲမျောတဲ့အခါ

အထီးကျန်လာတိုင်း အတွေးထဲမှာ

အမြဲမြင်ယောင်တမ်းတမိတယ် အဖေ

ဘ၀ဒဏ်ချက်များ အိပ်မက်မှာ

မျက်ရည်တွေဆို့ရတဲ့အခါ

အမြဲမြင်ယောင်တမ်းတမိတယ် အဖေ

ဒုက္ခတွေ ထည်လဲ တွေ့တဲ့အခါ

တခြားလူ မရှိဘူး ကျွန်တော်အတွေးမှာ

အမြဲမြင်ယောင်တမ်းတမိတယ် အဖေ

အဖေနင်းဖြတ်ခဲ့တဲ့ ဘ၀ရဲ့ ဆူးတောအပြည့်နဲ့လမ်းထဲ

အဖေပေးသွားခဲ့တဲ့ မြေပုံလမ်းပြ Compass လေးနဲ့

ရှည်လျားလွန်းတဲ့ လောက တောနက်ထဲ ကျွန်တော်ရောက်နေပြီ အဖေ

သုညဘ၀ကစလို့ ရုန်းကန်မြှင့်တင်ပေးခဲ့

ရင်ကော့ ခေါင်းမော့လို့ သေမလောက်ဆိုးတဲ့ လောကဓံတရားကို

ဖြေရှင်းတိုက်ခိုက်ခဲ့ပေးတဲ့ သတ္တိမျိုး ကျွန်တော်ရှိချင်တယ်အဖေ

အဖေမရှိတဲ့နောက် . . .

လူလားမြောက်တဲ့နောက် . . .


Saturday, July 25, 2009

အကြိုက်ဆုံးသီချင်းတွေ..

အိမ်ကနေထွက်လာပြီးတဲ့နောက်ပိုင်းမှာ ကျွန်တော့်အတွက် အကြိုက်ဆုံးသီချင်းနှစ်ပုဒ်ရှိတယ်..
တစ်ပုဒ်က ဟန်ထူးလွင်.မောင်မောင်ဇော်လတ်.ကိုင်ဇာတင်မုံ တို့ဆိုထားတဲ့ "ပလက်ဖောင်းမင်းသား"
နောက်တစ်ပုဒ်က အရိုးဆိုထားတဲ့ "အာရှလူလည်" ဆိုတဲ့သီချင်းတွေပါ..


"ပလက်ဖောင်းမင်းသား"

ကြယ်ရောင်တွေပျောက်တဲ့ညမှာ... အပြင်လောကထဲထွက်လာသူ..
အဆူအပူခံကာ မှီခိုရာဌာန အိမ်ဆိုပေမယ့် အိမ်ရယ်မမည်တော့ဘူး
မာကြူရီမီးလုံးအောက်မှာ ကိုယ့်အိပ်ထဲလက်နှိုက်ရှာကြည့်
ငွေရယ်ဆိုလို့  ၁၀ တန်တဲ့ အကြွေတစ်ချို့ ...
ရင်ခွင်မှာတော့ မျှော်လင့်ချက်ကြီးတစ်ခု..

မျက်ရည်ကျပြီးလိုက်ခေါ်သူရယ်မရှိ.. သေလိုက သေနိုင်၏.. ရှင်လိုက ရှင်နိုင်၏
ကိုယ့်ခြေထောက်ပေါ်ရပ်ကာနေနိုင်မှ ပြန်လာမယ်ပြန်ခဲ့မယ်
ကိုယ်ယောက်ျားမို့  သဌေးဖြစ် ခွေးဖြစ်ပါပဲ..
ဒီလိုနဲ့ ရက်ပေါင်းများစွာ ငတ်ခြင်းနဲ့ ပြေးတမ်းလိုက်တမ်း.
လူဆိုတာဟာတော်ယုံနဲ့ သေခဲ.. ကြာလာတော့လည်း ခံနိုင်ရည်နဲ့ ဝ

အပျံသင်စ တဖြစ်လဲတဲ့အခါ .. ကိုယ်ပလက်ဖောင်းမင်းသား အရင့်စား..
ရေဆိုတာဟာ နွေခါမှာ ခက်သေး.. ငွေဆိုတာဟာ ရှာနိုင်သူ အတွက်မရှား..

လုပ်စရာရှိတာပြီးအောင်မြန်မြန်လုပ်
သိပ်မတွေးနဲ့  သိပ်မမေးနဲ့ ..
အချိန်ကုန်တယ်.. လေကုန်တယ်..
အရလွယ်တိုင်းလည်း တွေ့ တာအကုန်မယူနဲ့ 
အန္တရယ်က လက်တကမ်းမှာ..
ကြာကြာဝါးမယ့်သွား ဘာစားစား အရိုးကြည့်ရှောင်ဟေ့..

ဖော်မစုံသူသောက်တဲ့အလင်းဆိုင်.. ကိုယ်ကြိုက်တဲ့အခုခေတ်ပေါ်သီချင်း..
ဖီလင်ဆိုတာဒါရယ်ကိုခေါ်သလား.. ဘာရယ်ညာရယ်ကိုယ်လေမသိပဲဆွေး...
အချိန်တန်တော့ ဘ၀ပေးကုသိုလ်.. ကိုယ်လည်းပဲ အတွဲကလေးနဲ့ မိ
မဒီကိန္နရီ စံချိန်မမှီပေမယ့် ဟာနေတာကို မဟာရုံသူဖြည့်ပေး..

ရွေးနေရအောင် မင်းကဘာကောင်လဲ..
အကောင်းဆုံးက အကောင်းဆုံးပေါ့
တန်ရာက တန်ရာပေါ့..
ရုပ်ရှင်ကြည့်ပြီးရူးချင်တယ်ဆိုလည်း ကပ်လက်စနဲ့ ကပ်ဦးပေါ့
ထရံထက်မှာ ရွှေမင်းသမီးဇာတ်ကားကြော်ငြာ

လူဆိုတာ အကျင့်ရဲ့ကျေးကျွန်.. ထီထိုးရင်းတိုက်ဖို့ မေ့ရင်း..
ဒီအခြေအနေကိုပျော်တယ်လို့ မယူဆရင် ပျော်တယ်ဆိုတာဘာလဲ ကိုယ်မသိတော့
နာမည်ကျော်ငွေရှိတဲ့ဘ၀ဟာ အိပ်မက်နဲ့ ပဲ ကျိန်းကျေတတ်..
ဒီအရွယ်မှာ ကိုယ်ဟာဘာကောင်လဲ မသိရင်.. ကိုယ်ထင်တာထက်ကိုယ်ဟာပိုအပေါ့

ကိုယ်ခြေထောက်ပေါ်ရပ်ကာနေနိုင်သရွေ့ 
လျှောက်ဦးဟေ့.. လျှောက်ဦးဟေ့..
နောက်ဆုံးနေ့ အထိ ကိုယ်ပလက်ဖောင်းအရင်းစား
....................




မူရင်းကိုတော့ ဒီမှာ download ဆွဲပြီးနားဆင်နိုင်ပါတယ်။

Friday, July 24, 2009

သတိရမိတဲ့သူတွေ...

မနေ့ညက ဟောင်ကောင်ရောက် သူငယ်ချင်းတစ်ယောက်ဖုန်းဆက်တယ်..
သူက သတိတရနဲ့ဖုန်းဆက်တာပါ..
အဲ့မှာ စဉ်းစားမိတာတစ်ခုက ကျွန်တော်တို့တွေမှာ အချိန်တိုင်းမဟုတ်သည့်တိုင်အောင်
နေ့တိုင်းသတိရမိတဲ့အရာတွေရှိလိမ့်မယ်..
အဲ့တာတွေဟာ လူပုဂ္ဂိုလ်တစ်ဦးဖြစ်ချင်ဖြစ်မယ်..
အရာသထ္ထုတစ်ခုဖြစ်ချင်ဖြစ်မယ်..
ခွေးတစ်ကောင် ကြောင်တစ်ကောင်ဖြစ်ချင်ဖြစ်မယ်..

ကျွန်တော် ပထမဆုံးသတိရတာက ကျွန်တော့် အမေပါ...
အမေ့ကိုဘယ်လောက်သတိရသလဲဆိုရင် ရေးပြလို့တောင်မရလောက်ပါဘူး..
အမေနဲ့အတူနေခဲ့အချိန်တွေ..
အမေ့အိမ်မှာနေခဲ့ရတဲ့အချိန်တွေ..
နောက်တစ်ကြိမ်ပြန်ရနိုင်ဦးမလား ဆိုတာခဏခဏတွေးမိတယ် ...
မသေချာဘူးလေ..

နောက်တစ်ယောက်ကတော့
ဇက်သည်အာပလာ အဲ မှားလို့
ဇက်သည်ဂါတနာ ဆိုပြီး ဘလောဂ်ကိုရေးလိုက်မရေးလိုက်နဲ့ဆော့နေတဲ့
စလုံးရောက် အကိုပါ..
တစ်ပတ်လုံး အလုပ်ကိုကုန်းရုန်းလုပ်ပြီး (တစ်မျိုးမထင်စေချင်ပါ.. :) )
စနေနဲ့ တနင်္ဂနွေဆို မနက်စာလွတ်အိပ်တက်တဲ့ သူပါ..
အာဆင်နယ်ပရိတ်သတ်ဖြစ်ပြီ..
မန်ယူမန်ဘာ ကျွန်တော်တို့တွေနဲ့ ခဏခဏ စကားနိုင်လုတက်သူပါ..

နောက်တစ်ယောက်က ကျွန်တော့်ညီလေးပါ..
သူက ကျွန်တော့်ထက်သာငယ်တာ ကျွန်တော့်ကို ပြန်ပြန်ပြီးဆုံးမနေတာ..
သူ့ကိုသတိရစရာတွေထဲက အမြဲသတိရနေတဲ့တစ်ချက်က
လွန်ခဲ့တဲ့ သုံးနှစ်လောက်က ကျွန်တော်ဆေးရုံတက်တုန်း
ကျွန်တော် ခွဲစိတ်ခန်းဝင်ရမယ့် နေ့မနက်မှာ အစောကြီးကျွန်တော့်ဆီရောက်လာတယ်..
အဲ့အချိန်တုန်းက သူကျောင်းအိပ်ကျောင်းစား နဲ့တက်နေတဲ့ကျောင်းက စနေ တနင်္ဂနွေပဲ
အပြင်ထွက်လို့ရတာ..အဲတာသူဘယ်လိုထွက်လာလဲမသိဘူး ကျွန်တော့်အခန်းကို
အစောကြီးရောက်လာပြီး ခွဲစိတ်ခန်းဝင်ဖို့ နှာခေါင်းပိုက် ကိုအတင်းထည့်ပေးသွားတဲ့ ညီလေးပေါ့..
အခုတော့လည်းဆရာဝန်ကြီးဖြစ်ပြီး တက်သစ်စ ဆရာဝန်လေးတွေကို စာသင်လိုက်
ဆေးခန်းပြေးလိုက်နဲ့ ကျွန်တော်ဖုန်းခေါ်ရင် သူ့ဖုန်းက အမြဲဆက်သွယ်ရေးပြင်ပရောက်နေတက်တယ်..

နောက်တစ်ယောက်က မူးဖော်မူးဖက် မှောက်ဖော်မှောက်ဖက်ညီငယ်ပါ..
အခုတောင်မှောက်နေလားတော့မသိဘူး.. :P
သူလည်း kosex မှားပြန်ပြီ ... :)
kosat ဆိုပြီး ဘလောဂ်တစ်ခုရှိတယ်..

နောက်တစ်ယောက်ကတော့ ဟောင်ကောင်ရောက်သူငယ်ချင်းပါ..
သူ့ကိုသတိရမိတာကတော့ သူဟာအမြဲတမ်း မနဲ့ပတ်သတ်လာရင် ကံဆိုးတက်သူပါ..
ရူပါကလည်းဖြောင့်ရဲ့သားနဲ့..
အမြဲတမ်းသူက ကျန်ခဲ့တာကြီးပဲ..
ချိန်ပါကြီးပေါ့..
အခုတော့ ဟောင်ကောင်မှာ တရုတ်မလေးတစ်ယောက်နဲ့ အဆင်ပြေနေတယ်ဆိုပဲ..
ညကဖုန်းဆက်တော့ ကျွန်တော့်ကိုကြွားသွားလေရဲ့..
နောက် ကျွန်တော့်ရဲ့သူငယ်ချင်းများအားလုံး..
စလုံးရောက်မောင်ဖြိုး..
ဆရာဇော်သက်ထွေးရဲ့တပည့်၊ သတင်းထောက်ဘ၀ကိုအရမ်းအထင်ကြီးပြီး
တစ်သက်လုံး သတင်းထောက်ဘ၀နဲ့ရပ်တည်သွားမယ်လို့ကြုံးဝါးတဲ့ မိသောင်း...
အရက်သောက်ဖို့ဆို ဘယ်တော့မှမငြင်းတဲ့
သရက်သီးဆိုတာဖင်ရှုံမှ ပိုချိုတာလို့အမြဲပြောတက်တဲ့ ဗူးသီး...

နောက်ဆုံးတစ်ယောက်ကတော့ သူ့ကိုနောက်ဆုံးမှာထားရမလားဆိုပြီး
စိတ်ဆိုးသွားမလားပဲ..
တက်နိုင်ဘူးလေ..
လောကမှာ လူတိုင်းအမေးခံရဖူးပြီးဖြေဖို့ခက်တဲ့ မေးခွန်းတွေရှိတယ်ဗျ..
ငယ်ငယ်က အဖေနဲ့အမေနဲ့ ဘယ်သူ့ကိုပိုချစ်လဲတို့
အကိုနဲ့အမ ဘယ်သူ့ကိုပိုချစ်လဲတို့..
ရည်းစားနဲ့ သူငယ်ချင်းဘယ်သူ့ပိုချစ်လဲတို့
တော်တော်ဖြေရခက်တဲ့မေးခွန်းတွေပဲ...
သူကတော့ ကျွန်တော့အပေါ်တော်တော် အနွံနာခံတဲ့..
ကျွန်တော့်ကို သိပ်ချစ်တဲ့..
ကျွန်တော့်ကို တော်တော်စိတ်ပူတက်တဲ့..
လင်းလင်းပါပဲ..

Tuesday, July 21, 2009

ဗိုင်းရပ်စ်ကိုက်ခြင်း..

Blog ရေးခြင်းနှင့်နှစ်ပတ်မျှဝေကွာသွားပါသည်..
အကြောင်းမှာ ကျွန်တော့်ကွန်ပျူတာကို ဗိုင်းရပ်စ်ကိုက်သွားခြင်းကြောင့်ဖြစ်သည်..
ဗိုင်းရပ်စ်မှာထူးခြားသောဗိုင်းရပ်စ်ဖြစ်သည်..
အကြောင်းမှာ ie ကိုကိုက်ပြီး mozilla ကိုတစ်ဝက်မျှသာကိုက်သောကြောင့်ဖြစ်သည်..

ရှင်းပြပါမည်..
ie ကိုဗိုင်းရပ်စ် ကိုက်သွားသဖြင့် ie သုံးလို့မရတော့ပါ..
ဖွင့်လို့ကိုမရခြင်းဖြစ်သည်..
mozilla ကိုတစ်ဝက်ကိုက်သွားသည်ဆိုခြင်းမှာ..
mozilla ကိုဖွင့်လို့ရသော်လည်း..
search engine ကိုလုံးဝသုံးလို့မရသလို
blog တွင်လည်းမည်သည့်ဖိုင်မှ
upload လုပ်လို့မရတော့သောကြောင့်ဖြစ်သည်..
သူဌေးမကတော့ စက်ကို format ချခိုင်းပါသည်..
သို့သော်ကျွန်တော့်နေဖြင့် format မချချင်ပါ..
အဘယ်ကြောင့်ဆိုသော် ကျွန်တော့်စက်တွင် software ပေါင်းများစွာ
instroll လုပ်ထားသောကြောင့်ဖြစ်သည်..

သို့သော် .....
ဗိုင်းရပ်စ်သည်ပိုမိုဆိုးရွားစွာနှင့်စိတ်တိုင်းကျ ကျွန်တော့်စက်ကို
ကိုက်လိုက်သောအခါ format မချချင်သော ကျွန်တော်သည်
ယနေ့တွင် အောင်မြင်စွာ format ချလိုက်သည်..
ယခု ဒီ post ကို format ချအပြီး စက်ကိုစမ်းသပ်သောအားဖြင့်
ရေးသားလိုက်ရခြင်းဖြစ်ပေသည်....။

Wednesday, July 1, 2009

Mail ထဲကရတဲ့စာလေးပါ.....

မြန်မာပြည်တွင် ယခုနေရက်များမှစ၍ ၀က်တုတ်ကွေးရောဂါကို သတိထားရမည့် အနေအထားသို့ရောက်သွားပါပြီ။ အဘယ်ကြောင့်ဆိုသော် ပြည်တွင်းသို့ ထိုရောဂါအားနိုင်ငံခြားမှ အလယ်ခေါ်လာခြင်းကြောင့်ဖြစ်ပါသည်။
ယခုအခါ ထိုအလည်အပတ်လိုက်လာသောရောဂါသည် မြန်မာပြည်တွင်လျောက်သွားနေရာ အဖော်အပေါင်းအချို့ ပင်ရရှိတော့မည်ဖြစ်ကြောင်းသိရသည်။ တစ်နေ့ က ဆေးရုံးကြီးသို့ ထူးခြားသော ဖုန်းတစ် call ၀င်လာခဲ့ကြောင်းသိရသည်။ ထို ဖုန်း call မှာ နိုင်ငံခြားမှ အလည်လာသူ ကြီးနှင့် သိကျွမ်းနေပြီဖြစ်သော ဌာနေမြို့  ခံတစ်ဦးကိုတွေ့  ကြောင်းအသိပေးသော ဖုန်းဖြစ်သည်။
မကြာသောကာလတွင် ကျွန်ုပ်တို့သည်ထိုအကြောင်းကို အထူးတလည်ပြောကြတော့မည်။ ကိုယ့်ဘေးနားတွင်ရှိသော သူအားမသင်္ကာအကြည့်ဖြင့်ကြည့်တော့မည်။ မျက်နှာတွင် နင်ဂျာကဲ့သို့သောမျက်နှာဖုန်းများကိုစွပ်ထားတော့မည်။ အမျော်အမြင်ကြီးသူများမှ သူတို့၏အနီးအနားတွင်ရှိသူများအား ပညာပေးစကားများပြောဆိုတော့မည်။ အမျော်အမြင်နည်းသူများသည် လူတိုင်းဖြစ်တဲ့ကိစ္စဘဲ အကုန်သေရင် ငါလည်းပါ ဘာဖြစ်လည်း ကြောက်စရာမှတ်လို့ဟုဆိုကြပေမည်။ ဆင်းရဲသားအပေါင်းသည် swin flu မပြောနှင့် elephant flu ဖြစ်လည်းဂရုစိုက်နိုင်မည်မဟုတ်။ ထိုရောဂါဖြင့်သေလျင်ပင်ဂုဏ်ယူရမလိုဖြစ်မည်။ လူလတ်တမ်းစားတို့ သည် ဟိုဟာလုပ်ရမလို ဒီဟာလုပ်ရမလို ခြေမကိုင်မိလက်မကိုင်မိဖြစ်ကြမည်။ ချမ်းသာသူအပေါင်းတို့သည် ထိုသတင်းကိုကြားပြီးသည့် အချိန်မှစ၍ သူတို့၏သားသမီးများ အားလူထူသောနေရာသို့ မသွားရန်တားဆီးပေတော့မည်။ သူတို့ကိုတိုင်လည် အန္တရာယ်ကိုရင်ဆိုင်ရန်ဟန်ပြင်နေသော စစ်သူကြီးတစ်ဦး၏ အသွင်ကိုဆောင်ထားပေလိမ့်မည်။
ဆေးဆိုင်များတွင် မျက်နှာဖုံးများရောင်းကောင်းတော့မည်။ လူစည်ကားမှုကို အခွင့်ကောင်းယူပြီးလုပ်ကိုင်နေရသော လုပ်ငန်းရှင်များသည် ထိုသတင်းကြောင့် မျက်ခုံးများလှုပ်လျက်ရှိသည်။ ဂျာနယ်များ၊ သတင်းစာများ၊ ပွပေါက်တိုးမည့်သတင်းဖြစ်သည်။ တမင်းဆိုင်များတွင် တစ်ချိန်က လက်မထောင်ခဲ့ပြီး ဘုရင်တစ်ဆူကဲ့သို့နေခဲ့ရသော ၀က်သားဟင်းနှင် ၀က်သားဆက်စပ်ဟင်းလျာများသည် လူတကာ၏နှာခေါင်းရှံခြင်းကိုခံရပေတော့မည်။ ဈေးအတွင်းဝက်သားသည်များ မျက်နှာငယ်ပေလိမ့်မည်။
အနှီမည်သော ကမ္ဘာလူတုတ်ကွေးရောဂါ(၀က်များသိက္ခာကျမည် ကိုမလိုလားသူများမှ မှည့်ခေါ်ထားသောနာမည်) ကြီးသည် သူချစ်ခင်နှစ်သက်သောသူများအားမိတ်ဆွေဖွဲသွားမည်ဖြစ်သလို အချို့  သူများအားအကျိုးဖြစ်ထွန်းစေမည်ဖြစ်ပြီး အချို့ အားဆုတ်ယုတ်မှုများကိုပေးသွားတော့မည်။ ကောင်းကွက်များမှ ကြည့်မည်ဆိုလျင် ကျွန်ပ်တို့ပြည်မြန်မာကြီးသည် နိုင်ငံတကာတန်းကို ၀င်ရောက်လာနိုင်ပြီဖြစ်တော့သည်။ မြန်မာပြည်သူများလည်း ကိုယ့်နိုင်ငံကြီး နိုင်ငံတကာနှင့်ရင်ဘောင်တန်း နိုင်ရေးအလို့ ငှာ swin flu ဖြစ်မြောက်ရေးအတွက် အတတ်နိုင်ဆုံး ကြိုးစားသွားလိမ့်မည်ဟုတင်မိပါတော့သည်။

ဒီဇိုင်းနာဆိုတာ ဘာကောင်ကြီးလဲ...

'ဒီနေ့အလုပ်နည်းနည်းပါးလို့ ဟို site ၀င် ဒီ site ၀င်နဲ့.....
ရောက်သွားဖြစ်တာက myanmardigitalartists ကိုပါ.. ကိုကလည်း အဲဒီမှာ member ၀င်ထားတော့
မကြာမကြာရောက်ဖြစ်တယ်..
ဒီနေ့ရောက်တော့ '' ဘယ်သူပိုအရေးကြီးသလဲ..." ဆိုတဲ့ blog post ကိုဝင်ဖတ်ဖြစ်တယ်...
အကြီးအကျယ်ဆွေးနွေးထားကြတာဗျာ..
ကျွန်တော်တောင်ဘာမှဝင်မဆွေးနွေးနိုင်ခဲ့ဘူး..
သူတို ဆွေးနွေးတဲ့ အကြောင်းအရာက client နဲ့ designer အကြောင်းပါ..
သူတို့နှစ်ဦးမှာဘယ်သူက အရေးကြီးသလဲဆိုတာကို ၀င်ဆွေးနွေးထားကြတာပါ..
ကျွန်တော်ထင်တယ် ဒီဇိုင်နာ တွေရဲ့ 90% ကျော်ဟာ client နဲ့ တိုက်ရိုက် တွေ့ဆုံပြီးတော့မှ
သူတို့အပ်တဲ့ဒီဇိုင်းကိုဆွဲ ကြတာပါ..
အဲလိုဆွဲတဲ့အခါ မှာ ဘယ်ဒီဇိုင်နာမှကိုယ့် ဒီဇိုင်းကို စုတ်စုတ်ပြတ်ပြတ်နဲ့မဆွဲကြပဲ
အကောင်းဆုံးဆွဲပေးကြတာပဲ
ဒါအစဉ်အလာတစ်ရပ်ပါ..

ဒါပေမယ့် တစ်ချို့ client တွေကျတော့ ဒီဇိုင်းအမြင်မရှိကြဘူးဗျ..
ကာလာတွေရဲ့အကြောင်း လဲမသိဘူး...
တစ်ချို့ကျတော့လည်းရှင်းပြရင်နားလည်ကြတယ်..
တစ်ချို့ကရှင်းပြလို့မရဘူး..

များသောအားဖြင့် client တွေက ကျွန်တော်တို့ ဒီဇိုင်းနာတွှေဆီမလာခင်ကတည်းက
သူတို့ဒီဇိုင်းကို သူတို့တွေစဉ်းစားပြီးသား..
ကျွန်တော်တို့က သူတို့အကြိုက်လုပ်ပေးရုံပဲ..

တစ်ခါတစ်လေကျွန်တော်စဉ်းစားမိတာတစ်ခုရှိတယ်..
ကျွန်တော်တို့ကို ဒီဇိုင်းနာလို့ ခေါ်လို့မရဘူးဗျ..
ကျွန်တော်တို့ဟာ software ကို ကျွမ်းကျင်စွာအသုံးပြုနိုင်တဲ့ သူတွေလို့ပဲ ခေါ်လို့ရတယ်...
တစ်ခါတစ်လေပြောတာပါ...

ကျွန်တော့်ပထမဆုံး အလုပ်လုပ်တဲ့ရုံးက ပိုင်ရှင် ကအစိမ်းရောင်ဆိုအရမ်းကြိုက်တာ...
တစ်ခါတစ်လေ အစိမ်းနဲ့ အနီနဲ့ တွဲပြီးသုံးခိုင်းသေးတယ်..
စဉ်းစားကြည့်ဗျာ..
အစိမ်းနဲ့အနီဘာယ်လိုမှမလိုက်တဲ့အရောင်တွေလေ...
ဒါပေမယ့် ဘာတက်နိုင်မှာလဲဗျာ..
တစ်ခါတစ်လေ ကိုယ့်သူငယ်ချင်းတွေကိုတောင်ဒါငါဆွဲထားတဲ့ဒီဇိုင်းဆိုပြီးမပြရဲဘူး...
ရှက်လို့... :P