Saturday, June 13, 2009

ပျော်ရွှင်စရာမွေးနေ့ဖြစ်ပါစေ..မေမေ


၁၃-၆-၂၀၀၉
လွန်ခဲ့တဲ့ ၂၆ နှစ်လုံးလုံးသား မေမေ့မွေးနေ့ကို မသိခဲ့ပါဘူးမေမေ
အမေဆိုတာ သားတို့ဗိုက်ဆာရင် ထမင်းကျွေးတဲ့
ပိုက်ဆံလိုရင် မုန့်ဖိုးပေးတဲ့
သားတို့လိုအပ်တာတွေဖြည့်ဆည်းပေးတဲ့ မေမေ ဆိုတာထက်ပိုမသိခဲ့ပါဘူး

အခုတော့အမေ့အိမ်ကိုသားလွမ်းတယ်အမေ..
အမေ့အိမ်ကထွက်လာပြီးတဲ့နောက်တစ်ရက်မှလုံခြုံမှုမရှိခဲ့ပါဘူးအမေ..
အမေပြောဘူးသလိုပေါ့ အမေ့လောက်မင်းကိုဘယ်သူမှ သည်းခံမှာမဟုတ်ဘူး ဆိုတာလေ...
ဟုတ်တယ်အမေ ...
ညီအကိုချင်းတောင်မှ ရက်စက်သူရှိသေးတယ်ဆိုတာ သားအခုမှသိရတယ်အမေ...

ဘာပဲဖြစ်ဖြစ်အမေ့မွေးနေ့မှာ အမေ စိတ်ချမ်းသာ ကိုယ်ကျန်းမာ ပါစေလို့သားဝေးတစ်နေရာကနေဆုတောင်းနေပါတယ် မေမေ....


''အားလုံးထက်နွေးထွေးလုံခြုံတဲ့နေရာဟာ.. အမေ့အိမ်ပဲလို့သိလိုက်ရတဲ့အချိန်ကြတော့
ကျွန်တော်ဟာ ဟိုးအဝေးကြီးကိုရောက်နေပြီလေ...''


Happy Birthday MOM .......

No comments: