ကျွန်တော်ဒီ blog ကိုလုပ်ထားတာကြာပေမယ့် မရောက်ဖြစ်ဘူး..
ရောက်လာတော့လည်း သူစိမ်းတစ်ယောက်လို ဖြစ်နေတယ်..
ဘာဆက်ရေးရမလဲလို့စဉ်းစားလိုက်တိုင်းအတွေးတွေပေါ်လာပေမယ့်
တကယ်ရေးလဲရေးရောဘာရေးရမှန်းမသိဖြစ်သွားပြန်ရော.
တော်တော်ဆိုးတဲ့ဘ၀ပါလား.... :P
တစ်ခြား blog တွေလိုက်ဖတ်ကြည့်တော့ ရေးထားလိုက်ကြတာ..ဖျူးလို့..
များသောအားဖြင့် သူတို့အကြောင်း နဲ့ နိုင်ငံရေးတွေပဲများတယ်ဗျ..
နောက် စင်ကာပူအကြောင်း. stay အကြောင်း....
ကြုံလို့ပြောရအုံးမယ်..
ကျွန်တော်လည်းသူများတွေလို စင်ကာပူမှာ အလုပ်သွားရှာတယ်ဗျ..
မရပါဘူးဗျာ...
ဒါနဲ့ ထုံးစံအတိုင်းမလေးကို stay ရှောင်ဖို့လာလိုက်တာ ဒီမှာ အလုပ်ရတာနဲ့
stay မရှောင်တော့ပဲ တစ်ခါတည်း stay လိုက်တယ် ဘာရမလဲ မြန်မာကွ....
( ဘာမှလည်းမဆိုင်ဘူး.. :) )
မလေးကအတော်လေးဆိုးတယ်ဗျ...
ရဲတွေကလည်း မြန်မာနိုင်ငံက ရဲတွေအတိုင်းပဲ..
လူတွေ့ရင်ဖြဲခြောက်ပြီး ပိုက်ဆံတောင်းဖို့လောက်ပဲစဉ်းစားနေကြသလားမသိဘူး...
အဆိုးဆုံးက RELA တွေပဲဗျ...
ကျွန်တော်တော့တစ်ခါမှမကြုံဘူးပါဘူး..
တော်တော်ဆိုးဆိုပဲဗျ..
သူတို့ကတော့ operation လုပ်တယ်လို့ပြောတာပဲ..
overstay သမားတွေကိုဖမ်းတာ..
ဒါပေမယ့် မဲမဲမြင်ရာအကုန်ဖမ်းတာပဲ..
သူတို့ရှောင်တာဆိုလို့အဖြူကောင်တွေပဲရှိတယ်..
ic မပြနိုင်လို့ကတော့ ကားပေါ်တက်ပဲ...
ခွေးလိုနွားလိုဖမ်းတာဗျာ..
သူများနိုင်ငံမှာစီးပွားရှာရတာလည်းမလွယ်ပါဘူးဗျာ....
My First Encounter with Daw Aung San Suu Kyi
2 weeks ago
No comments:
Post a Comment