Saturday, December 19, 2009

ပြည်သစ်တည်နှင့် service…

အခုတစ်လော service ဆိုတဲ့အကြောင်းကို တော်တော် ကြားနေရပါတယ်..
ရုံးမှာလည်း ငါတို့ ရုံးက service နဲ့ပတ်သတ်ရင်အကောင်းဆုံး
လုပ်ပေးနိုင်တဲ့ ရုံးဖြစ်ရမယ်..
Server ရောင်းတဲ့ ကုပဏီကလည်း သူတို့ရဲ့ service က
မလေးရှားမှာအကောင်းဆုံး ပဲတဲ့
ဟိုတစ်လောက ရောက်ခဲ့တဲ့ HP Service Centre ကလည်း
သူတို့ရဲ့ service အပေါ်သင်ရဲ့
အမြင်ကို စစ်တမ်းကောက်ခံခဲ့ပါတယ်..
အကောင်းဆုံး service ကိုအစိမ်းရောင်
အလယ်အလတ်ကို အ၀ါရောင်
အညံဆုံးကို အနီရောင်ပလာဆတာလေးတွေနဲ့ခွဲထားပါတယ်..
စဉ်းစားလို့မရတာက အနီရောင်မလာဆတာဗူးထဲမှာ
အနီရောင် ပလာဆတာတစ်ခုမှမရှိတာပါပဲ…
နောက်ဆုံး ဟိုနေ့ကသွားစားတဲ့ စားသောက်ဆိုင်က တရုတ်ကြီးကတောင်
ဝ ဆိုင်က ဒီိမလေးရှားတစ်နိုင်ငံလုံးမှာ အကောင်းဆုံး service ပေးနိုင်တဲ့ ဆိုင်တဲ့
Service နဲ့ပတ်သတ်ပြီးစဉ်းစားမိတာပါ..

ဟုတ်သော်ရှိ မဟုတ်သော်ရှိ service နဲ့ပတ်သတ်တဲ့ အကြောင်းလေးကို စဉ်းစားမိ
သလောက် ရေးလိုက်ပါတယ်….



တစ်ညနေမှာ မောင်ဇက်တစ်ယောက်အလုပ်မှာ အချိန်ပိုလုပ်ပြီးပြန်လာပါတယ်..
အလုပ်တွေများလွန်းလို့ မေ့ထားတဲ့ ဗိုက်က အခုမှဆာလာပါတယ်..
ဒါနဲ့နီးစပ်တဲ့ ဆိုင်တစ်ဆိုင်ကို ညနေစာစားဖို့ဝင်လိုက်ပါတယ်.
ဆိုင်ထဲက ဧည့်ကြိုဝန်ထမ်းလေး မောင်ဆက် ပြေးထွက်လာပါတယ်..
“ ဆရာ.. ညနေစာစားမလို့လား “
“ အေးကွာ “
“ ဆရာ ဘယ်လိုနေရာမှာထိုင်ချင်လဲ… တစ်ယောက်ထဲလား … တစ်ယောက်ယောက်ကိုစောင့်အုံးမလား… နှစ်ယောက်ထိုင်စားပွဲစီစဉ်ပေးရမလား… “
" ငါ့ဗိုက်ဆာနေလို့ စားစရာတစ်ခုခုရနိုင်မလား "
" ဆရာကလည်း ထိုင်ဖို့ကပိုအရေးကြီးတယ်လေ..
ဆရာက တစ်ယောက်ယောက်နဲ့ချိန်းထားရင်
ဟိုရေကန်လေးနားက ပိုပြီး ကြည်နူးဖို့ကောင်းတယ်..
အလုပ်ကိစဆိုရင်တော့ သီးသန့်ခန်းရှိတယ်.. "
“ ငါဗိုက်အရမ်းဆာနေလို့်.. မြန်မြန်စားလို့ရမယ့် အစားအစာတစ်ခု စီစဉ်ပေးကွာ “
“ မြန်မြန်စားလို့ရတာဆိုရင်တော့ ပေါင်မုန့်နဲ့ ကြက်ဥကြော်ရှိတယ် ဆရာ “
“ အေး အဲ့တာပဲစီစဉ်ပေးကွာ “
“ ဆရာ ပါမုန့်ကိုဘယ်လိုလုပ်ပေးရမလဲ ကင်ပေးရမလား
ကင်တဲ့အခါကျွတ်နေအောင်ကင်မလား နဲနဲပဲ ကင်မလား
ပါမုန့်ကင်စက်နဲ့ကင်ပေးရမလား ရိုးရိုးမီးနဲ့ကင်ပေးရမလား.. “
“ အဆင်ပြေသလိုလုပ်ကွာ ငါဗိုက်အရမ်းဆာနေပြီ “
“ကြက်ဥကရော တစ်လုံးလုံး ကျက်နေအောင် ကြော်ပေးရမလား
တစ်ဝက်ကျက်ပဲလား… ကြက်သွန်ကရော ဘယ်လိုပုံစံစားမလဲ
မကျက်တစ်ကျက်ပဲလား… အချဉ်ကရော ဘယ်လိုစားချင်လဲ..
ကျွန်တော်တို့ဆိုင်က အထူးပြုလုပ်ထားတဲ့အချဉ်ပဲစားမလား..”
“ အာ.. ဗိုက်ဆာနေပါတယ်ဆိုမှ
တော်ပြီကွာနောက်တစ်ဆိုင်သွားတော့မယ်.. “

ဒီအချိန်မှာ ဆိုင်ရဲ့ supervisor မောင်မျိုးပြေးထွက်လာတယ်..
“ ဆရာရယ်သည်းခံပါ.. သူကလူသစ်မို့ပါ.. ကျွန်တော်အဆင်ပြေအောင်
လုပ်ပေးပါ့မယ်.. ပေါင်မုန့်နဲ့ ကြက်ဥကြော်စားမှာမလား ကျွန်တော်အဆင်ပြေအောင်
လုပ်ပေးပါ့မယ်… “
“ အေးကွာ အဲ့တာဆိုပြီးရော အခုလောလောဆယ်ရေတစ်ခွက်ပေး “
“ ဆရာ ဘယ်လိုရေသောက်ချင်လဲ ရေသန့်လား ရိုးရိုးရေလား..
နိုင်ငံခြားကလာတဲ့ ရေလား … အေးတဲ့ရေလား.. ရေခဲနဲ့သောက်ချင်လား ရိုးရိုးပဲသောက်မလား ….ဘယ်လိုရေသန့်မျိုးကိုသောက်ချင်သလဲ……”
“ xx+XX@+=xxxx-_=@#...”


:) လွန်ခဲ့တဲ့ ၅နှစ်လောက်တုန်းက ဖတ်ဖူးတဲ့ စာလေးကို စဉ်းစားမိတာနဲ့
အခုလောလောဆယ်ကြုံတွေ့နေရတာလေးတွေတိုက်ဆိုင်လို့ရေးလိုက်တာပါ..
ကိုဇက်နဲ့ မောင်ဆက် ….. ငါ့အစ်ကိုနဲ့ ငါ့ညီတို့ရဲ့နာမည်တွေသုံးထားလို့ စိတ်မဆိုးကြပါနဲ့ :)

2 comments:

မောင်ဆက် said...

ကောင်းပါ့ဗျာ ညီဖြစ်သူကို အမွှန်းတင်ပုံကတော့ ကြိုက်သွားပြီဗျို့ ညီတကယ်လို့ ပြန်လာဖြစ်ရင်လည်း အဲလို service ပေးရမယ့်အလုပ်ဘဲဝင်လုပ်တော့မယ်.. :P

Anonymous said...

haha so funny ...

Zephyr