Monday, December 7, 2009

အလုပ်၊နာရီနှင့်စက်ရုပ်များ…

မနက်အိပ်ရာထတယ်…
နာရီနှိုးစက်က ၈.၂၀ ဆိုနှိုးတယ် နဲနဲနှပ်လို့ရသေးတယ်
၈.၃၀ အတင်းထ အိပ်ချင်မူးတူးနဲ့ ဘုရားရှိခိုး….
၉.၀၀ မှာ ရေချိုး ၉.၁၅ မှာ ကားဂိတ်သွား..
၉.၂၀ မှာ ကားလာတယ်…
၉.၃၅ မှာ ရုံးရောက်တယ်…
အလုပ်များစွာကို နာရီမလပ် စက်ရုပ်တစ်ရုပ်လို စတင်လုပ်တော့မယ်….
……………
……………….
………


Computer ဖွင့်တယ်…
Email ဖွင့်တယ်.
Dreamwaver ဖွင့်တယ်…
Photoshop ဖွင့်တယ်..
Illustrator ဖွင့်တယ်…
Flash ဖွင့်တယ်….
…………..
……………….
………….

‘ ဆာဗာဒေါင်းသွားတယ်….’
‘ ဒီဇိုင်းက ပြန်ပြင်ရမယ်…’
‘ မနေ့က update လုပ်ထားတဲ့ site ကပြီးပြီလား…’
‘ ဒီနေ့ ၂ နာရီ meeting ရှိတယ် နေ့လည်စာကိုစောစောစားထား…’
‘ name card design ကပြီးသွားပြီလား…’
‘ fe သူဌေးဖုန်းဆက်တယ် updating page တွေမှာ typo error တွေများနေတယ်တဲ့..’
‘ logo design ကိုဒီနေ့လိုချင်တယ်တဲ့…’
‘ website အသစ်က ဒီနေ့ dead line နော်….’
‘ programmer က fla file လိုချင်လို့တဲ့….’
…………
……………………….
………

အရာအားလုံးကိုမေ့သွားပြီ.
ရန်ကုန်..
အိမ်…
အမေ…
ကိုပေါက်….
လင်းလင်း….
………
………………
ငါးရာတန်..
တစ်ထောင်တန်…
ငါးထောင်တန်………

၅.၃၀ ရုံးဆင်းတယ်..
၆.၃၀ မှပြန်တယ်…
ကားတွေပိတ်နေတဲ့အတွက် ၇.၁၅ မှအိမ်ပြန်ရောက်တယ်..
အခန်းဖွင့် ..
ရေချိုး…
ခေါက်ဆွဲစား…
အလုပ်နဲနဲလုပ်…
နောက်တစ်နေ့ အလုပ်လုပ်နိုင်ဖို့အတွက် သံပါတ်ပေး….
………
……….
……………….

မနက်အိပ်ရာထတယ်…
နာရီနှိုးစက်က ၈.၂၀ ဆိုနှိုးတယ် နဲနဲနှပ်လို့ရသေးတယ်
၈.၃၀ အတင်းထ အိပ်ချင်မူးတူးနဲ့ ဘုရားရှိခိုး….
၉.၀၀ မှာ ရေချိုး…………..
…………………….
…………………………………………………………
……………… ။ ။

No comments: