Monday, August 3, 2009

ချစ်သူရေးတဲ့ကျွန်တော့်ပုံတူ...



ဆရာမဂျူးရဲ့ "ချစ်သူရေးတဲ့ကျွန်မရဲ့ညတွေ" မဟုတ်ပါဘူး..
ချစ်သူရေးတဲ့ ကျွန်တော့်ပုံတူလေးပါ..
ပြည်သစ်တည်ရဲ့ကောင်မလေး က ပြည်သစ်တည်ရဲ့ပုံကို ဆွဲပေးလိုက်တာပါ..
သူ့အပြောကတော့ လွမ်းလို့တဲ့ (မနာလိုမဖြစ်ကြပါနဲ့..... :) )
ပြည်သစ်တည်ဆိုတာ ဘယ်လိုပုံမျိုးလဲဆိုတာသိချုင်သူတွေအတွက်
အနီးကယ်ဆုံးမှန်းကြည့်လို့ရတာပေါ့...

အခုရက်ပိုင်းအတွင်းအလုပ်များပါတယ်..
ဒါပေမယ့်ရတဲ့အချိန်းလေးကိုပဲရသလို ဒီ blog ကိုရေးပါတယ်..

ဒီမနက်တော့ သတင်းကောင်းလား သတင်းဆိုးလားမသိဘူး
သတင်းတစ်ခုကြားတယ်..
ပြည်သစ်တည်အခုစီးနေတဲ့ လိုင်းကားတွေအားလုံး
ဒီလကုန်ရင် ကားခတွေဈေးတက်တော့မယ့်တဲ့.
Taxi ခတွေလည်းပါတာပေါ့..
Taxi ခဆိုလို ပြည်သစ်တည် taxi စီးလို့သိတယ်လိုမထင်ပါနဲ့
ပြည်သစ်တည်အခုလုပ်နေတဲ့ရုံးက website package တွေထဲမှာ taxi ကုမဏီတစ်ခုပါတယ်..
ဟိုနေ့ကပဲ ဈေးနှုန်းအသစ်အတွက် updating လုပ်ပေးလိုက်ရလို့သိတာပါ..

လစာကလည်းတိုးတောင်းမယ်တိုးတောင်မယ်နဲ့အခုထိအကောင်အထည်
မဖော်နိုင်သေးဘူး..
ကိုယ်ကပြောမယ်လုပ်လိုက် သူဌေးက ခရီးသွားလိုက်..
ကိုယ်ကပြောမယ်လုပ်လိုက် သူဌေးက အလုပ်တွေများချင်ယောင်ဆောင်နေလိုက်နဲ့
လုံးလည်ချာလည်လိုက်နေတယ်..

အိမ်လခကလည်းတက်အုံးမယ်နဲ့တူတယ်..
မြန်မာနိုင်ငံက ဝေးတဲ့နေရာရောက်တာတောင် ကုန်ဈေးနှုန်းတက်တာက
နောက်ကနေမှီအောင်လိုက်လာသေးတယ်..
တွေ့တယ်မလားပြည်သစ်တည်တို့များဘယ်လောက် လူချစ်လူခင်များသလဲလို့... :D
လူမပြောနဲ့ ကုန်ဈေးနှုန်းတောင် အဲ့လိုချစ်တာ..

No comments: