ဒီနေ့တော့ နဲနဲအားတာနဲ့ blog ကိုဟိုကလိဒီကလိနဲ့ပေါ့..
ဒီ blog ကိုစတင်တုန်းက banner design ကိုဆွဲတဲ့အခါ
ဘာအရောင်ကိုသုံးမလဲဆိုတာ တော်တော်ခေါင်းစားခဲ့ရတယ်..
ကိုယ်က designer တစ်ယောက်ဆိုတော့ ကိုယ့် banner ကိုလဲ
လန်းလန်းလေးဖြစ်စေချင်တယ်
ကာလာစုံချင်တယ်..
effect လေးလည်းထည့်ချင်တယ်..
font ကလည်းတော်တော်လန်းတဲ့ font ဖြစ်ရမယ်..
Alter ဆန်ရမယ်..
စဉ်းစားလိုက်တာ စုံနေတာပဲ တကယ်လဲဆွဲဖြစ်ခဲ့ပါတယ်..
သူများအတွက်တွေပဲစဉ်းစားတာများလို့လားမသိဘူး
ကိုယ့်အတွက်စဉ်းစားလိုက်တဲ့အခါမှာ
သိပ်လန်းလန်းလေးတွေမထွက်လာဘူးဖြစ်နေတယ်..
ဘယ်လို design တွေထွက်လာမှန်းမသိဘူး..
စုစုပေါင်း ၇ ခု ၈ ခုလောက်ရှိမယ်..
နောက်ဆုံး စဉ်းစားလိုက်တာ
ကိုယ့်အကြိုက်ဆုံးအရောင်ဖြစ်တဲ့
အဖြူနဲ့အနက်နဲ့ကိုပဲအခြေခံမယ်ဆိုပြီး design ကိုစဉ်းစားလိုက်တယ်..
နောက်ဆုံးတော့အခု design လေးထွက်လာတယ်..
ကြည့်ရင်းနဲ့ စိတ်ထဲမှာ ငြိမ်းချမ်းသွားသလိုပဲ..
ကျေနပ်တယ်..
ဒီနေ့တော့ အကုန်လုံးနီးပါးကို အနက်နဲ့အဖြူပဲ ထားလိုက်တယ်..
ဒါတောင် link တွေကို အနက်ရောင်ထားချင်ပေမယ့်
စာသားတွေနဲ့ ရောသွားမှာစိုးလို့ အပြာရောင်လေးပဲထားလိုက်တယ်..
နောက်နှစ်လ သုံးလလောက်ကြာရင် နောက်တစ်မျိုးပြောင်းဖြစ်အုံးမလားမသိဘူး..
တကယ်လို့ အသက်ရှင်ခဲ့ရင် ဒီသစ်ပင်ကိုလာကြည့်ပါ
3 hours ago
1 comments:
CITweetaFaw
ydeg
Post a Comment