Friday, September 18, 2009

လွမ်းစရာလေးတွေ.....

စာရေးရမှာပျင်းလို့ ကာတွန်းတွေပဲ လှိမ့်တင်နေတာပါ .... :D



ကိုဇက်ရေ ကျွန်တော်တို့ရပ်ကွက်ကိုများ ကာတွန်းဆရာရောက်ခဲ့လားမသိဘူးဗျာ ..
တစ်ကယ်လွမ်းတာပါ ...
ဒီအချိန်ဆိုရင် ရေက အနည်းဆုံးတစ်ခါလောက်တော့အိမ်ထဲကိုဝင်ပြီးပြီပေါ့ ....

ဘာပဲပြောပြောလွမ်းတက်သူတစ်ယောက်အတွက်
အရာအားလုံးဟာ လွမ်းစရာတွေပါ ...
အမြဲ ဘုပြောတက်တဲ့ လမ်းထိပ်နားက အဖိုးကြီးကိုလဲလွမ်းတာပဲ..
လူငယ်တွေရှေ့မှာတော့ မိန်းမ မကြောက်သလိုနဲ့
နောက်ကွယ်မှာတော့ ဟုတ်ကဲ့ဟုတ်ကဲ့လို့ပြောတက်တဲ့ ဟိုအကိုကြီးကိုလဲလွမ်းတာပဲ..
(သူ့သမီးကတော့ အမိုက်စားလေးဗျ...ပြောရင်းတောင်လွမ်းလာပြီ... ဟိ ဟိ :D )
ညနေဘက် ပြည်သစ်တည်တို့ရဲ့ ကြက်တောင်ကွင်းမှာ အင်အားလာဖြည့်တက်တဲ့
ညီငယ်တွေကိုလဲ လွမ်းတာပဲ
အသက်ကြီးပေမယ့်မပျက်စီးပဲ ပြည်သစ်တည်တို့ အသည်းအသန်
ကစားခဲ့ရတဲ့ ဘိုးဘိုးကိုလဲလွမ်းတာပဲ...
ကိုဇက်၊ပြည်သစ်တည် တို့နဲ့အတူ လူပျိုလိုက်လုပ်တက်တဲ့
ဘေးခန်းက စပိန်နဲ့အင်္ဂလိပ် ဂိုက်ကြီးကိုလဲ လွမ်းတာပဲ...
အော်သူ့သားလေးတောင်အခုဆိုအတော်ကြီးလာလောက်ပြီ....
နောက်ဆုံး ကိုဇက်အိမ်က ခွေးလေးနှစ်ကောင်ကိုတောင်
သတိတရနဲ့လွမ်းဖြစ်သေးတယ်..
(ဒါတောင်တစ်ကောင်သေသွားလို့..)

လွမ်းချင်စွာဖြင့် ...
ပြည်သစ်တည်


ဒါကတော့ ညီငယ်မောင်ဆက်အတွက်ပါ...



စိတ်ဆိုးရဘူးနော် ငါ့ညီ..
ချစ်လို့စတာပါ...

စချင်စွာဖြင့်
ပြည်သစ်တည်...

4 comments:

မောင်ဆက် said...

ဟဟ လုပ်ချလိုက်ပြန်ပြီ ဘီအီးသမားချင်းအတူတူ တစ်လုံးပိုသောက်သွားတယ်.. ဟဲဟဲ နောက်ချင်စွာဖြင့်ပေါ့ဗျာ အနော်က

Anonymous said...

ရေတွေကို သတိရတယ် ...။
လမ်းတွေမြှင့်ကြတာတောင် နတ်ပြည်ကို သူရှေ့ကမရောက်မှာဆိုးလို့ တစ်ရွာလုံးနဲ့တစ်ယောက် ကာဆီးကာဆီးလုပ်တဲ့ သူကြီးကို သတိရပေါ့ ...။ သမီးမျက်နှာနဲ့ကျေအေးကြရတာပေါ့ ....။ ဓာတ်တိုက်ကြီးကို ငါအိမ်နားရွေ့ပါ .. ဟိုဘက်ကိုရွှေ့ပါ ...။ စသဖြင့် ...၊ လမ်းအတွက်လုပ်တာတောင် အမုန်းခံကြရတာ နည်းနည်းနောနော အကုသိုလ်ဟောင်းမဟုတ်ဘူးထင်ပါရဲ့ ...။ ပြန်ရောက်တဲ့အခါ နေယျစွမ်းရည်တို့က လူပျိုကြီးတွေဖြစ်လို့ ... ငါတို့တွေလည်း အဖိုးကြီးတွေဖြစ်လို့နေမှာပေါ့ ...။ အရေးထဲ တစ်အိမ်ကျော်က အဖိုးကြီးက အဲဒီတော့မှ ပိုက်ဆံပြည့်လို့ဆိုပြီးတုန်ချိတုန်ချိနဲ့ မင်္ဂလာဆောင်မယ်ဆိုလို့ ငါ့မှာ ရှိစုမဲ့စု လက်ဖွဲ့ရဦးမယ် ...။ .....။ အော် ဘွဘွ .. ။

Z

Unknown said...

ဟားဟား။ မျက်လုံးထဲမြင်တယ်ဟေ့။ အရက်သမားကာတွန်းက တော်တော်ရီရတယ်။ ရုံးမှာ ရယ်လိုက်တာ အသံတော်တော်ကျယ်သွားတယ်။ :D

မင်းမင်း said...

မရောက်တာကြာပြီ
မအားဘူး
သတိရတယ်
မလာဖြစ်ဘူး
ဒီလိုနဲ့ပဲ
မအားတဲ့ကြားထဲက
လာခဲ့တယ်