Saturday, September 26, 2009

မြန်လွန်းသောအချိန်များ....

အချိန်တွေက မြန်လိုက်တာ....
တစ်နှစ်ဆိုတဲ့ အချိန်ကို မနက်ဖြန်ဆိုရင်ရောက်ပြီ....
'ရက်' တွေကို 'လ' ကစား 'လ' တွေကို 'နှစ်'က မြိုချနဲ့...
အမေ့အိမ်မှာနေရတဲ့ ရက်တွေကနေ ကိုဇက် မောင်ဆက်တို့နဲ့
နေရတဲ့အချိန်တွေဆီကိုရောက်
အခုဆိုတစ်ယောက်ထဲ ငြီးငွေ့စွာနဲ့ နေရတဲ့အချိန်တွေကို ရောက်....

ပျော်ရာမှာမနေပဲ တော်ရာမှာ ဒေါ်လာရှာ (တကယ်ရတာ ဒေါ်လာမဟုတ်ပါ)
ဖော်သဟာတွေနဲ့ အတူမနေနိုင်တော့
ပျော်စရာဆိုတာ ဘာများလဲကွယ်...
(အလဲ့ ငါလဲ ကိုဇက်လောက်နီးနီး ကဗျာရေးတက်လာပြီ :P)

2 comments:

မောင်ဆက် said...

ပြောရင်းနဲ့ လျှာမြက်မပေါက်ဘဲ အလိပ်လိုက်တစ်ကုန်မယ် သတိထား ကိုကိုပြည်သစ်တည်

Zephyr said...

ကဗျာကလူတိုင်းရေးလို့ရပါတယ်....။

ဝါသနာပါရင် ၀မ်းနှုတ်ဆေးစားသလိုပေါ့ ...။

ခံစားချက်ရှိသူတိုင်းရေးကြသည်ပေါ့လေ..။

လောလောဆယ်ကြိုက်တဲ့စကားကိုတော့ .. မကြိုက်ပါ
တာရာမင်းဝေ ကဗျာကို ပေါတောတောလူတစ်ယောက်က
တစ်ကြောင်းပြင်ထားတာကို တကယ်မထင်လိုက်ပါနဲ့ ...။ အောက်ဆုံးက အကြောင်းကို ထည့်လိုက်ပြီး ကျန်တာတွေကူးထားတာ ရယ်စရာဖြစ်နေလို့ပါ ...။
ဒီထက်ကောင်းတာ ကိုယ့်ဘာသာကိုယ်ရေးပြီး တင်ထားလိုက်ပါ....။

ငါတို့တွေလည်း မင်းကို သတိရပါတယ်...။

တစ်နှစ်ပြည့်သွားပြီ ..
ခဏလေးလိုပဲ ....။