အခုတစ်လော ပြည်သစ်တည် blog ဘက်မလှည့်နိုင်ပေ..
အလုပ်ရှုပ်သည်..
အရှုပ်လုပ်သည်..
MDA ကိုသွားသည်...
တစ်ခါတစ်လေ အလုပ်ရှုပ်သည်ဟုပင်မပြောချင်တော့..
အဘယ့်ကြောင့်ဆိုရမူ..
အလုပ်မရှုပ်သောနေ့မရှိသောကြောင့်ဖြစ်သည်...
ဒါပေမယ့်ဒီနေ့တော့နည်းနည်းအားသည်..
ကာတွန်းထပ်တင်မည်ကြံသော်လည်း....
မတင်ဖြစ်..
စာရေးမည်ကြံသော်လည်း...
ဘာရေးရမှန်းမသိဖြစ်နေသည်...
ထို့ကြောင့် MDA ပဲထပ်သွားသည်..
သူတို့ ၀ိုင်း "အာ" ထားသော ကိုယ့် design များကိုသွားကြည့်သည်..
လိုအပ်သည်များကို အနာဂတ်တွင်ပြင်ဆင်မည်ဟု တေးထားသည်...
သူများ design ကို ကိုယ့်အလှည့်တုန်းက ခံထားရသမျှ အတိုးချပြီး
"အာ" သည်..
တစ်ကယ်ဆို MDA သည် ပြည်သစ်တည်အတွက် new world ပင်ဖြစ်သည်..
ကိုယ်ကသူများတွေလို စာကိုဟုတ်တိပတ်တိရေးတက်သူလည်းမဟုတ်...
ကဗျာကလည်းကျောင်းသားဘ၀ လွယ်အိတ်တွေနဲ့အတူ ပျောက်သွားပြီ...
ဘဝ
1 year ago
No comments:
Post a Comment