တစ်ခုခုကိုပြောပြချင်နေပေမယ့်
ပြောစရာလူမရှိသလို
နားထောင်ပေးမယ့်သူလဲမရှိဘူး...
တစ်နေ့တစ်နေ့ အလုပ်အလုပ်
အလုပ်ပြီးအလုပ်
အလုပ်ပြီးတော့အလုပ်
ငါ့ကိုယ်ငါတောင်ပျောက်ဆုံးနေတက်ပြီ...
အိမ်ပြန်ချိန်တွေဟာ တစ်ရက်တော့
ရောက်လာမှာပါ..
အခုတော့ဘာကြောင့်အိမ်ပြန်ချင်လဲဆိုတာ
မသိတော့ဘူး...
အမေက ပျော်အောင်နေပါတဲ့..
ဒါပေမယ့်
ပျော်အောင်ကို ဒီနေ့အထိရှာမတွေ့သေးတာ
အမေ မသိသေးဘူး..
'ချုပ်တီးရင် ချီးထုပ်ဖြစ်တယ်' လို့
သူငယ်ချင်း ဒီဇိုင်နာတစ်ယောက်ကပြောတယ်....
လေယူရာတိမ်း ယိမ်းနွဲ့တက်ရင်တော့
ပျော်စရာပေါ့...
တစ်ကနေပြန်စလို့မရတဲ့အထဲမှာ
ဘ၀ ကပါနေလား....
ရေစုန်လိုက်မလား..
ရေဆန်မလား..
မိုးပေါ်တက်မလား...
ယိမ်းနွဲ့လိုက်မလား...
တောင့်ခံမလား..
ချုပ်တီးမလား..
ပျော်အောင်နေမလား...
မေးခွန်းတွေဖြေဖို့အတွက်
လောလောဆယ် အလုပ်လုပ်လိုက်အုံးမယ်.....
My First Encounter with Daw Aung San Suu Kyi
2 weeks ago
No comments:
Post a Comment