Monday, October 26, 2009

ပြည်သစ်တည်နှင့်တနင်္ဂနွေ…

အားခဲ့တဲ့ တနင်္ဂနွေမှာ
ရောက်တက်ရာရာတွေ…
တွေးမိတွေးရာတွေ
ရေးမိရေးရာတွေပါ…….
…………………………………………………………….


လွန်ခဲ့တဲ့ သုံးနှစ်လောက်က စာအုပ်တစ်အုပ်ဖတ်မိတယ်..
စာအုပ်နာမည်ကိုမေ့သွားပြီ..
စာရေးသူက အတကျော်..
စာစုတွေကိုစုထားတဲ့စာအုပ်
အတွဲသုံးတွဲရှိတယ်..
အကုန်နီးပါးက ဘာသာပြန်စာစုတွေပါ..
ပထမတွဲရဲ့ ပထမဆုံး စာစု
ခေါင်းစဉ်ကိုသိပ် မမှတ်မိတော့ဘူး..
(မှတ်ဥာဏ်ထဲမှာ ပိုက်ဆံ ပိုရှာဖို့ကလွဲရင်
ကျန်တဲ့ အရာတွေ သိပ်မရှိတော့သလိုပဲ…
ပိုက်ဆံမရရင် သိပ်မတွေးချင်တာလည်း ပါမယ်ထင်ပါတယ်…)

စာစုတွေကိုတော့သိပ်အသေးစိတ်မမှတ်မိတော့ဘူး..
မှတ်မိသလောက်ကို ကိုယ့်ကိုကိုယ်ခေါင်းစဉ်တယ်ပြီး
ပြန်ရေးလိုက်ပါတယ်.. ဒုတိယမြောက် ဘာသာပြန်ပေါ့…

" သံချက်များ…. "

ဂျော်နီဟာ အလွန်စိတ်ဆက်တဲ့ကလေးတစ်ယောက်ပါ။
သူများကိုပြောစရာရှိရင် ဘာမှ မစဉ်းစားပဲပြောတက်ပါတယ်..
လုပ်စရာရှိရင်လည်း ဘာမှ စဉ်းစားမနေပါဘူး..
တစ်နေ့ ဂျော်နီ့ အဖေက ဂျော်နီ ကိုစကားတစ်ခွန်းပြောပါတယ်.
‘ မင်းဟာ တစ်နေ့တစ်နေ့ ဒေါသ အလျှောက်ဖြစ်စေ နာကျင်စေလိုတဲ့ဆနကြောင့်ဖြစ်စေ
စကားကို မဆင်အခြင်ပဲ ပြောတက်တယ်..
မင်း ဒေါသ ကိုထိန်းချုပ်ကြည့်ပါလား..
တစ်နေ့တစ်နေ့ မင်းဒေါသထွက်စရာ ကြုံလာရင် နောက်ဖေးခြံစည်းရိုးမှာ
သံတစ်ချောင်းသွားရိုက်ကြည့်ပါလား ‘

ဂျော်နီဟာ သူ့အဖေစကားအတိုင်း ဒေါသဖြစ်လာရင်
နောက်ဖေးခြံစည်းရိုးမှာ သံတစ်ချောင်း သွားသွားရိုက်ခဲ့တယ်..
ပထမ ရက်တွေမှာ သံရိုက်ချက်တွေဟာ များခဲ့ပေမယ့်
ရက်တွေကြာလာတာနဲ့အမျှ သံရိုက်ချက်တွေဟာ ကြဲသွားခဲ့ပါတယ်..

တစ်ရက်မှာ သံတစ်ချောင်းမှ မရိုက်ရတဲ့ရက်ကို ကြုံလာခဲ့ပါတယ်..
ဂျော်နီက သူ့အဖေကို
‘ အဖေ ဒီနေ့တော့ သားသံတစ်ချောင်းမှ မရိုက်ရဘူး ‘ လို့ သွားပြောတယ်.
ဂျော်နီ့အဖေက
‘ ဒါဆို သား ဒေါသလုံးဝ မထွက်တဲ့နေ့တွေမှာ ခြံစည်းရိုးတိုင်ပေါ်က
သံတစ်ချောင်းစီကို ပြန်နှုတ်လိုက်ပါ …’

ဒီလိုနဲ့ရက်တွေတော်တော်ကြာတဲ့အခါမှာ ခြံစည်းရိုးပေါ်က သံတွေတစ်ချောင်းမှ
မကျန်တော့အောင် ဂျော်နီ နှုတ်ပြီးသွားပြီ..
ဂျော်နီ့အဖေက သူ့သားကို
ခြံစည်းရိုးတိုင်နားကို ခေါ်သွားပါတယ်..
‘ သားမင်းရိုက်ခဲ့တဲ့သံချက်နေရာတွေဟာ
သားအနေနဲ့ သံတွေကို ပြန်နှုတ်လိုက်သည့်တိုင်အောင်
အကောင်းပကဓိကျန်ခဲ့ရဲ့လား.. ‘
‘ သံချက်ရိုက်လိုက်တဲ့ ဒဏ်ရာတွေတော့ကျန်ခဲ့မှာပဲလေ ‘
ဂျော်နီကဖြေတယ်..
‘ သားမင်းအနေနဲ့ ဒေါသဖြစ်လို့ပဲ ဖြစ်ဖြစ်
သူများကို နာကျင်စေလို့ပဲဖြစ်ဖြစ် သားပြောလိုက်တဲ့
စကားတွေဟာ သူများတွေရဲ့ရင်ထဲမှာ သံချက်တွေရိုက်လိုက်သလိုပဲ
သားအနေနဲ့ ဒီသံချက်တွေကို ပြန်နှုတ်ပေးမယ် ဆိုရင်တောင်
သူတို့တွေရဲ့ ရင်ထဲမှာ ဒဏ်ရာတွေတော့ ကျန်ခဲ့ဦးမှာပဲ…’
………………

ဒီနေရာမှာတင်အဆုံးသတ်ပါရစေ..

ပြည်သစ်တည်အနေနဲ့လည်း တစ်ချိန်က
သူများတွေအပေါ် ဆိုးခဲ့ပြောခဲ့တာတွေလည်းရှိမှာပါ..
ပြောခဲ့မိတာတွေအားလုံးအတွက် ဒီနေရာကနေ
အနူးအညွှန့်တောင်းပန်လိုက်ပါတယ်..
သံရိုက်ချက်တွေပြန်နှုတ်လိုက်ရင်တောင်
သံရိုက်ခဲ့တဲ့ အရာလေးတွေတော့ကျန်ခဲ့အုံးမှာပါ…
(ကျန်ခဲ့တဲ့အရာလေးတွေကို ပျောက်သွားအောင်
ရွှေပေါ်ထိုးပေးမယ်လေ :P )
ပြည်သစ်တည်အပေါ်ရိုက်ခဲ့တဲ့ သံချက်တွေကတော့
များလှပါတယ်… များလှတဲ့ရိုက်ချက်တွေထဲက
သံရိုက်ချက်တစ်ချက်ကိုတော့ ဒီနေ့အထိ မမေ့သေးပါဘူး..
သူလည်းပြန်မနှုတ်သလို
ကိုယ်တိုင်လည်းပြန်နှုတ်ဖို့မကြိုးစားပါဘူး..
အနာက မကျက်သွားသလို
ကျက်ဖို့လည်း ဆေးမထည့်ပါဘူး..
တစ်နေ့နေ့ တစ်ချိန်ချိန် ကျရင် ………..
(မည်သူရိုက်သွားသည်ကိုတော့ မပြောပါရစေနဲ့..
သေချာတာကတော့ အခုစာဖတ်နေသူ သင် မဟုတ်ပါဘူး ဆိုတာကလွဲရင်
ပိုပြီး ပြောမပြနိုင်တာ ခွင့်လွတ်ပါ..)
…………………

အသက်တွေကြီးလာပြီ
အရင်လောက် ဒေါသမကြီးတော့သလို
အတ်တလည်းမရှိတော့ပါဘူး..
တစ်ခါတစ်လေ ပိုက်ဆံရှာရတာ သိပ်အရသာမရှိတော့ပါဘူး
ဘာကြောင့်ရှာနေမှန်းလဲ မေ့မေ့သွားပါတယ်..
အကိုဝမ်းခွဲကပြောပါတယ်..
ငါတို့တွေပိုက်ဆံတွေဒီလောက်တောင်ရှာနေတာ
ဘာတွေသုံးဖို့လဲတဲ့..
သူပြောတာတော့ဟုတ်မှာပေါ့..
သူနဲ့သူ့ကောင်မလေးနဲ့ တစ်လတစ်လ၀င်ငွေက နဲတာမှမဟုတ်တာ..
(ပြည်သစ်တည်ရတဲ့ လစာဟာ သူရတဲ့လစာရဲ့ အစွန်းထွက်တောင်မရှိပါဘူး…)


လူဆိုတာ ငါဆိုတဲ့အတ်တကိုယ်စီရှိပါတယ်..
ပြည်သစ်တည်စီမှာ ရှိသလို လူတိုင်းမှာရှိပါတယ်..
ငါဆိုတာသာမရှိရင် ဘယ်လိုအသက်ဆက်ရှင်နိုင်မလဲ
ဒါပေမယ့် ရှိသင့်သလောက်သာရှိတာအကောင်းဆုံးပါ..
လွန်ကဲတဲ့အရာတွေဆို ဘယ်အရာမှ အကောင်းပါဘူး..
ငါ့အိမ် ငါ့ကား ငါ့အခန်း ငါ့မိသားစု ငါ့ရေခဲသေတာ
ငါ့ဖုန်း ငါ့အကျီင်္ ငါ့ဘောင်းဘီ ငါ့ပိုက်ဆံ ငါ ငါ ငါ ငါ ငါ
ငါတွေထပ်လာရင်မကောင်းတော့ပါဘူး…
လုပ်နိုင် ကိုင်နိုင် ရှာနိုင်တုန်း ငါ ထင်တာ ပြသနာ မရှိပေမယ့်
မလုပ်နိုင် မကိုင်နိုင် မရှာနိုင်တဲ့အခါကျရင်
ငါဆိုတဲ့ အတ်တတွေဟာ
ကိုယ်တိုင်ပြန်ရိုက်တဲ့ သံချက်တွေဖြစ်လာပါလိမ့်မယ်…

ပြည်သစ်တည် ကြားဖူးတာတစ်ခုရှိတယ်…
‘ ဘ၀ကို နောက်လှည့်ကြည့်ရင် ကျေနပ်ရမယ်တဲ့ ‘
အသေအချာတော့မဟုတ်ပါဘူး..
မှတ်မိသလောက်ပါ..
ဘ၀မှာ သူများက ရိုက်တဲ့ သံချက်
ကိုယ်က ရိုက်လိုက်တဲ့ သံချက်
ကိုယ့် ကို ကိုယ် ပြန်ရိုက်တဲ့ သံချက်
သံချက်တွေများနေတဲ့ ဘ၀ဟာ ဘယ်လိုများ ကျေနပ်မှုပေးနိုင်မှာလဲ
မကျေနပ်စွာနဲ့ပဲ ကိုယ့်ကိုကိုယ် သံတစ်ချက်ပြန်ရိုက်မိပါလိမ့်မယ်…

(သင်နှင့်ကျုပ်သည်
မွေးဖွားသည့်နေရာမတူသလို
ကြီးပြင်းလာသည့်နေရာလည်း မတူနိုင်ပေ
ကြုံတွေ့ခဲ့ရသည့် အရာများမတူသလို
လက်ခံလိုက်ရသည့်အရာများလည်း
တူနိုင်မည်မဟုတ်ပေ
ထိုကြောင့်…
ကျုပ်န်ုပ်တို့သည် အခုဖော်ပြပါစာစုကို
လွတ်လပ်စွာသလောထားကွဲလွဲနိုင်သည်…)

(မဟုတ်က ဟုတ်က တွေရေးထားလို့လားမသိဘူး
ဒီပိုစ်ကို 4 ခါလောက် ပြန်တင်လိုက်ရတယ်..... :D)


1 comment:

Zephyr said...

Chicken Soup မှာဖတ်ဖူးတယ်။ ဒါပေမယ့်အခုပြန်ဖတ်လည်းကြိုက်တယ်။

လောလောဆယ်နားထောင်နေတာကို ကြိုက်တယ်။
ငါတို့လက်ဖက်ရည်ဆိုင်ဖွင့်ရင်တော့ အသက်လေးဆယ်ကျော်နေလောက်ပြီဆိုတော့ ... ကလေးတွေကို နို့စိမ်းနှစ်ပေါက်လောက်တော့ ပေါက်ပေးလိုက်တာပေါ့ ...။ မဟုတ်ရင် စိတ်မကောင်းဖြစ်နေရဦးမယ်။

ပိုက်ဆံများများရှာတာ ကောင်းတယ်။ ရိုးရိုးသားသားနဲ့များများရအောင်ရှာပါ။ ရလာတဲ့ပိုက်ဆံကို သုံးသင့်တဲ့နေရာမှာအကောင်းဆုံးသုံးတာ အဓိပ္ပာယ်ရှိတယ်။ အနည်းဆုံး မင်း မင်းအမေကို ပြန်ကန်တော့လို့ရတယ်။ အားလုံး အဆိုးချည်းပဲတော့မဟုတ်ပါဘူး။ ပြန်ရနေတဲ့တန်ရာတန်ကြေးတွေလည်းရှိနေတာပါပဲ ...။

ခင်မင်စွာဖြင့်
Z