Thursday, October 22, 2009

လောလောဆယ်နားထောင်နေတာ....

2 comments:

Anonymous said...

"တစ်ခုခုကိုပြောပြချင်နေပေမယ့်
ပြောစရာလူမရှိသလို
နားထောင်ပေးမယ့်သူလဲမရှိဘူး .....''
.......................... ပြည်သစ်တည်

လူတွေနားထောင်အောင်ပြောချင်ရင် လိုရင်းတိုရှင်းပြောပေါ့ ..။ နားထောင်တဲ့လူတွေကိုလည်း ကံစမ်းမဲလေးဘာလေးပေး။ အနည်းဆုံး မောင်ဆက်တော့ နားထောင်မယ်ထင်တာပဲ။ ဘီယာလေး ဘာလေးတော့တိုက်ရမယ်။ သူက အီးတီကို လွမ်းတယ်ဆိုရင်လည်း သည်းခံပြီးနားထောင်လိုက်ပေါ့ ...။

ပြီးတော့မှပြောပေါ့ ...။

ဒါမှမဟုတ် သူဌေးနဲ့ပြောပေါ့။ အလုပ်တွေများပြီး ပိုက်ဆံအရနည်းတဲ့အခါ လူတွေက အလုပ်မှာမပျော်တတ်တဲ့အကြောင်းတို့ ဘာတို့ ရှာကြံပြီး နားဝင်အောင်ပြောပေါ့ ...။ ဒါကိုမှ သဘောမပေါက်ဘူးဆိုရင် စပြီး မှားပေးရမယ်။ ဒါက မှားနေကြမဟုတ်ဘဲဘာလို့မှားတာလဲဆိုမှ အလုပ်များကြောင်းလေးထုတ်ထုတ်ပြောပေါ့။

နောက်တနည်းက Gtalk နဲ့ဖြစ်ဖြစ် pfingo နဲ့ဖြစ်ဖြစ် သူငယ်ချင်းတွေဆီဖုန်းခေါ်ပေါ့။ ကိုဖြိုးတို့လည်းမင်းကိုမေးနေတယ်။

ပလက်ဖောင်းမင်းသားသီချင်းထဲကလိုပေါ့။
ဘ၀ကတော့ထင်သလောက်မလွယ်ဘူး။ ဘယ်မှာမှမလွယ်ဘူး။ အမေ့အိမ်မှာနေရတုန်းကလိုလည်း အဆင်သင့်ဖြစ်နေမှာမဟုတ်တော့ဘူး။ နေ့လည် လက်ဖက်ရည်ဆိုင်သွား။ ညနေ ကြက်တောင်ရိုက်။ညကြတော့ ဘောလုံးပွဲသွားကြည့် ...အဲဒီလို ဇိမ်ကျကျနေရတဲ့နေ့တွေက ကုန်သွားပြီ။အဲဒီတုန်းကတော့ ငါတော့က ဒီလိုမနေချင်ကြဘူးလေ။ အလုပ်ကို တပိုင်းသေအောင် လုပ်ချင်နေကြတာပဲ။

သိပ်လွယ်နေတာလည်းမကောင်းဘူးထင်တယ်။ သိပ်ပင်ပန်းတာမကောင်းသလို၊ သိပ်လွယ်တာလည်းမကောင်းဘူး။

ကိုယ်လုပ်နိုင်တာထက် တခါတလေ နည်းနည်းပိုလုပ်ကြည့်တာကောင်းတယ်။ အလုပ်ကို အ လုပ်လုပ်နေတယ်လို့မတွေးဘဲလုပ်။ ပျော်ပျော်ကြီးလုပ်။ ဒီအလုပ်က ငါကျွမ်းကျင်တဲ့အလုပ်၊ ပျော်စရာအလုပ်လို့တွေးပြီး ပျော်ပျော်ကြီးလုပ်။ ဒီအလုပ်လုပ်လို့ ကိုယ်ဘာတွေအကျိုးရှိသလဲဆိုတာတွေပဲတွေး။ ကိုယ့်ကိုယ်ကို ကျန်းမာရေးအထိခိုက်ခံပြီးတော့မလုပ်နဲ့။ ကိုယ့် limit ကိုယ်သိပြီး၊ မဖြစ်နိုင်တာကို ဖြစ်အောင်လုပ်ပေးမယ်လို့မပြောနဲ့။ လုပ်ပေးနိုင်သလောက်ကိုပဲ လုပ်နိုင်မယ်လို့ပြောထား။

အားတဲ့အခါ စိတ်ချမ်းသာတာလေးတွေများများလုပ်။ ဘုရားတရားနဲ့နေ။ ကံလေးဘာလေးပိုကောင်းလာအောင် အဓိဌာန်လေးဘာလေးဝင်။ စိတ်မပင်ပန်းဘဲနဲ့ အလုပ်လုပ်နိုင်အောင် ကြိုးစား။ မဟုတ်ရင်အလုပ်များများလုပ်ပြီးမြန်မြန်သေနေဦးမယ်။

Keep Hope Alive!!!

With Peace,
Z

Anonymous said...

"တစ်ခုခုကိုပြောပြချင်နေပေမယ့်
ပြောစရာလူမရှိသလို
နားထောင်ပေးမယ့်သူလဲမရှိဘူး .....''
.......................... ပြည်သစ်တည်

လူတွေနားထောင်အောင်ပြောချင်ရင် လိုရင်းတိုရှင်းပြောပေါ့ ..။ နားထောင်တဲ့လူတွေကိုလည်း ကံစမ်းမဲလေးဘာလေးပေး။ အနည်းဆုံး မောင်ဆက်တော့ နားထောင်မယ်ထင်တာပဲ။ ဘီယာလေး ဘာလေးတော့တိုက်ရမယ်။ သူက အီးတီကို လွမ်းတယ်ဆိုရင်လည်း သည်းခံပြီးနားထောင်လိုက်ပေါ့ ...။

ပြီးတော့မှပြောပေါ့ ...။

ဒါမှမဟုတ် သူဌေးနဲ့ပြောပေါ့။ အလုပ်တွေများပြီး ပိုက်ဆံအရနည်းတဲ့အခါ လူတွေက အလုပ်မှာမပျော်တတ်တဲ့အကြောင်းတို့ ဘာတို့ ရှာကြံပြီး နားဝင်အောင်ပြောပေါ့ ...။ ဒါကိုမှ သဘောမပေါက်ဘူးဆိုရင် စပြီး မှားပေးရမယ်။ ဒါက မှားနေကြမဟုတ်ဘဲဘာလို့မှားတာလဲဆိုမှ အလုပ်များကြောင်းလေးထုတ်ထုတ်ပြောပေါ့။

နောက်တနည်းက Gtalk နဲ့ဖြစ်ဖြစ် pfingo နဲ့ဖြစ်ဖြစ် သူငယ်ချင်းတွေဆီဖုန်းခေါ်ပေါ့။ ကိုဖြိုးတို့လည်းမင်းကိုမေးနေတယ်။

ပလက်ဖောင်းမင်းသားသီချင်းထဲကလိုပေါ့။
ဘ၀ကတော့ထင်သလောက်မလွယ်ဘူး။ ဘယ်မှာမှမလွယ်ဘူး။ အမေ့အိမ်မှာနေရတုန်းကလိုလည်း အဆင်သင့်ဖြစ်နေမှာမဟုတ်တော့ဘူး။ နေ့လည် လက်ဖက်ရည်ဆိုင်သွား။ ညနေ ကြက်တောင်ရိုက်။ညကြတော့ ဘောလုံးပွဲသွားကြည့် ...အဲဒီလို ဇိမ်ကျကျနေရတဲ့နေ့တွေက ကုန်သွားပြီ။အဲဒီတုန်းကတော့ ငါတို့က ဒီလိုမနေချင်ကြဘူးလေ။ အလုပ်ကို တပိုင်းသေအောင် လုပ်ချင်နေကြတာပဲ။