မနေ့က website တစ်ခုအပြီးသတ်သွားတဲ့အတွက် ဒီနေ့ နဲနဲအားနေပါတယ်...
နဲနဲပဲအားတာပါ.
ဒီအချိန်မှာ စဉ်းစားမိတာက ဒီလကုန်ရင် လစာတိုးတောင်းရင်ကောင်းမလားဆိုတာပါပဲ..
ဒီလကုန်ရင် ၈ လတင်းတင်းပြည့်ပြီမို့လစာတိုးမယ်ဆိုရင် တိုးဖို့အဆင်သင့်ဖြစ်နေပါပြီ..
လုပ်ရတာနဲ့ ရတာမကာမိဘူးလို့လဲတစ်ခါတစ်လေစဉ်းစားမိပါသေးတယ်.. :P
ဒီလိုပါပဲ လွန်ခဲ့တဲ့ ၈ လလောက်တုန်းက အော် ငါဒီလစာရတာအတော်ကံကောင်းပါကလားပေါ့..
အခုတော့ အဲ့ဒီအတွေးတွေဘယ်ပျောက်သွားသလဲမသိဘူး.. :P
အခုနောက်ဆုံးလုပ်ပေးလိုက်တဲ့ website ကို client ရော ကျွန်တော့် boss ပါတော်တော်ကြိုက်တယ်..
အနက်ရောင်မကြိုက်တဲ့တရုတ်တွေ
ဘာကြောင့်အနက်ရောင်ကိုကြိုက်သွားလဲဆိုတာကျွန်တော်မစဉ်းစားတက်ပါဘူး..
လေ့လာချင်ရင်တော www.uniquecar.com.my ကိုသွားပြီးလေ့လာနိုင်ပါတယ်..
နဲနဲထပ်ကြွားချင်တာက ဒီ site အတွက် ကျွန်တော်အချိန်နှစ်ပတ်ပဲရပါတယ်..
တကယ်လုပ်လိုက်တာ ၁၀ ရက်ပဲကြာပါတယ်.. (ကြွားတာ.. :D)
တရုတ်ဆိုလို့ ကျွန်တော့်အကိုပြောတာသွားသတိရမိတယ်.
တရုတ်ဆိုတာ နှစ်မျိုးပဲရှိတယ်တဲ့..
ရ ရုပ်တဲ့တရုတ်နဲ့
ယ ယုတ်တဲ့ တရုတ် နှစ်မျိုးပဲရှိတယ်..
ဒီနေ့ နောက် website တစ်ခုအတွက် PHP စသင်ရတယ်..
နှစ်ရက်ပဲသင်ပေးမှာတဲ့..
programming ဆို နကန်းတစ်လုံးမှနားမလည်တဲ့ကျွန်တော့်အတွက်
သင်တာသင်တယ်..
နွားကို ပလာတာကျွေးသလို..
ဆိတ်ကို လန်ဒန် တိုက်သလို...
ဝက်ကို TV ပြသလို ဘာမှနားမလည်ဘူး..
ဒီနေ့တော့ သူဌေးက ဖုန်းဆက်ပြီး မေးတယ် ဘယ်လိုလဲပြည်သစ်တည် မင်းလုပ်နိုင်မလားဆိုတော့...
အော် အင်း နဲနဲတော့အချိန်ယူရမယ်ထင်တယ် လို့ခပ်တည်တည်နဲ့ပြန်ပြောလိုက်တယ်..
နဂိုကတည်းက စာရိုက်ရင်ဒီလောက်မှားတဲ့ကောင် programming သမားလုပ်ရင်
code တွေကိုဘယ်လောက်မှားအောင်ရိုက်မလဲမသိဘူး...
အခုထိဘာမှ မလေ့လာရသေးဘူး..
PHP ဆိုလို့ Phyu's Home Phone ပဲသိတယ်.. :P
နှစ်ရက်နဲ့ ဘယ်လိုနားလည်အောင်ကြည့်ရမယ်ဆိုတာ နည်းလမ်းလေးရှိရင်မျှဝေပါအုံးခင်ဗျာ..
ဒီကြားထဲ သူငယ်ချင်းတစ်ယောက်က GTalk ကနေတစ်ချိန်လုံး မင်းအားပြီလား..
မင်းအားပြီလားနဲ့ တစ်မေးတည်းမေးနေတယ်...
အော် ဘ၀ ဘ၀ (ဘာမှလည်းမဆိုင်ဘူး..)
blog ရေးခြင်းကဘယ်လောက်ထိပျောက်နေအုံးမယ် အသိဘူး..
PHP ကိုလေ့ဘာရအုံးမယ်...
Tuesday, July 28, 2009
Subscribe to:
Post Comments (Atom)
7 comments:
လွယ်ပါတယ် ..
တစ်ရက်နဲ့လေ့လာချင်ရင်လည်းရတယ် ..
တစ်ရက်နဲ့လေ့လာပြီး Professional ဖြစ်သွားမယ်လို့တော့မဆိုလိုဘူး ...။
နားလည်အောင်လုပ်လို့ရပါတယ်...။
သုံးလို့ရရုံလောက်ပေါ့...။
http://w3schools.com/
မှာလည်းလေ့ကျင့်ခန်းအလွယ်စားလေးတွေရှိပါတယ် ..။
အဓိကကတော့ စမ်းဖို့အတွက် Environment တစ်ခုလုပ်နိုင်အောင် အရင်လုပ်ထားပါ ...။ Web Server , Development Tools , Database စသဖြင့်ပေါ့ ...။
အကူအညီလိုရင် ကျွမ်းတဲ့သူတွေဆီကလိုက်မေးပေါ့ ..။
ဥပမာ ကိုအောင်ဒင် တို့ စည်သူတို့ဆို ဒါနဲ့လုပ်စားနေတာဆိုတော့ ...။ အကူအညီရမှာပါ ....။ ငါ့ဆီကတော့ လာမမေးနဲ့ ....။
ကိုယ့်ဘာသာလုပ်ကြည့်လိုက်လို့ပဲပြောမယ် ...။
Z
http://w3schools.com/php/php_intro.asp
you should go there and learn...
u never forget that
1. test
2. test
3. test
i think PHP is good programming language.
ကျေးဇူးကိုဇက်..
ကိုအောင်ဒင်ရဲ့ email ကိုမသိတဲ့အတွက်
ဘယ်လိုမေးရမှန်းမသိဖြစ်နေပါတယ်..
စည်သူလည်း ပြီးခဲ့တဲ့လကတည်းကရန်ကုန်
ပြန်သွားတာအခုထိပြန်မလာသေးဘူးလို့ကြားပါတယ်..
အခုလောလောဆယ်တော့
ကိုဇက်ပြောတဲ့ site ကိုသွားလေ့လာနေပါတယ်..
အဆင်ပြေလိမ့်မယ်လို့မျှော်လင့်ပါတယ်..
WAMP လေးဒါင်းလိုက်ရင် local environment လေး တစ်ခုရပြီ။
အဲဒီမှ စမ်းချင်ရာစမ်းလို့ ရပြီ။ဒီမှာ WAMP tutorial.
http://www.tagbytag.org/tutorials/web-design-software/wamp-guide
PHP Programmer တစ်ယောက်တိုးလာတာ ၀မ်းသာစရာပဲ။ ဒါပေမယ့် လစာတော့ သိပ်မကောင်းဘူးနော် ခွေးနက်ကြီးတို့ ကော်ဖီ တဆိပ် ပရိုဂရမ်းမင်းတို့နဲ့ ယှဉ်လိုက်ရင်.ဟားဟား
သမီးလေး banner အတွက်ကျေးဇူးပဲ ညီလေးရေ။(အတော်တောင်နောက်ကျနေပြီ။ :D)
အောင်ဒင်
Post a Comment