Tuesday, July 21, 2009

ဗိုင်းရပ်စ်ကိုက်ခြင်း..

Blog ရေးခြင်းနှင့်နှစ်ပတ်မျှဝေကွာသွားပါသည်..
အကြောင်းမှာ ကျွန်တော့်ကွန်ပျူတာကို ဗိုင်းရပ်စ်ကိုက်သွားခြင်းကြောင့်ဖြစ်သည်..
ဗိုင်းရပ်စ်မှာထူးခြားသောဗိုင်းရပ်စ်ဖြစ်သည်..
အကြောင်းမှာ ie ကိုကိုက်ပြီး mozilla ကိုတစ်ဝက်မျှသာကိုက်သောကြောင့်ဖြစ်သည်..

ရှင်းပြပါမည်..
ie ကိုဗိုင်းရပ်စ် ကိုက်သွားသဖြင့် ie သုံးလို့မရတော့ပါ..
ဖွင့်လို့ကိုမရခြင်းဖြစ်သည်..
mozilla ကိုတစ်ဝက်ကိုက်သွားသည်ဆိုခြင်းမှာ..
mozilla ကိုဖွင့်လို့ရသော်လည်း..
search engine ကိုလုံးဝသုံးလို့မရသလို
blog တွင်လည်းမည်သည့်ဖိုင်မှ
upload လုပ်လို့မရတော့သောကြောင့်ဖြစ်သည်..
သူဌေးမကတော့ စက်ကို format ချခိုင်းပါသည်..
သို့သော်ကျွန်တော့်နေဖြင့် format မချချင်ပါ..
အဘယ်ကြောင့်ဆိုသော် ကျွန်တော့်စက်တွင် software ပေါင်းများစွာ
instroll လုပ်ထားသောကြောင့်ဖြစ်သည်..

သို့သော် .....
ဗိုင်းရပ်စ်သည်ပိုမိုဆိုးရွားစွာနှင့်စိတ်တိုင်းကျ ကျွန်တော့်စက်ကို
ကိုက်လိုက်သောအခါ format မချချင်သော ကျွန်တော်သည်
ယနေ့တွင် အောင်မြင်စွာ format ချလိုက်သည်..
ယခု ဒီ post ကို format ချအပြီး စက်ကိုစမ်းသပ်သောအားဖြင့်
ရေးသားလိုက်ရခြင်းဖြစ်ပေသည်....။

No comments: