Wednesday, July 1, 2009

Mail ထဲကရတဲ့စာလေးပါ.....

မြန်မာပြည်တွင် ယခုနေရက်များမှစ၍ ၀က်တုတ်ကွေးရောဂါကို သတိထားရမည့် အနေအထားသို့ရောက်သွားပါပြီ။ အဘယ်ကြောင့်ဆိုသော် ပြည်တွင်းသို့ ထိုရောဂါအားနိုင်ငံခြားမှ အလယ်ခေါ်လာခြင်းကြောင့်ဖြစ်ပါသည်။
ယခုအခါ ထိုအလည်အပတ်လိုက်လာသောရောဂါသည် မြန်မာပြည်တွင်လျောက်သွားနေရာ အဖော်အပေါင်းအချို့ ပင်ရရှိတော့မည်ဖြစ်ကြောင်းသိရသည်။ တစ်နေ့ က ဆေးရုံးကြီးသို့ ထူးခြားသော ဖုန်းတစ် call ၀င်လာခဲ့ကြောင်းသိရသည်။ ထို ဖုန်း call မှာ နိုင်ငံခြားမှ အလည်လာသူ ကြီးနှင့် သိကျွမ်းနေပြီဖြစ်သော ဌာနေမြို့  ခံတစ်ဦးကိုတွေ့  ကြောင်းအသိပေးသော ဖုန်းဖြစ်သည်။
မကြာသောကာလတွင် ကျွန်ုပ်တို့သည်ထိုအကြောင်းကို အထူးတလည်ပြောကြတော့မည်။ ကိုယ့်ဘေးနားတွင်ရှိသော သူအားမသင်္ကာအကြည့်ဖြင့်ကြည့်တော့မည်။ မျက်နှာတွင် နင်ဂျာကဲ့သို့သောမျက်နှာဖုန်းများကိုစွပ်ထားတော့မည်။ အမျော်အမြင်ကြီးသူများမှ သူတို့၏အနီးအနားတွင်ရှိသူများအား ပညာပေးစကားများပြောဆိုတော့မည်။ အမျော်အမြင်နည်းသူများသည် လူတိုင်းဖြစ်တဲ့ကိစ္စဘဲ အကုန်သေရင် ငါလည်းပါ ဘာဖြစ်လည်း ကြောက်စရာမှတ်လို့ဟုဆိုကြပေမည်။ ဆင်းရဲသားအပေါင်းသည် swin flu မပြောနှင့် elephant flu ဖြစ်လည်းဂရုစိုက်နိုင်မည်မဟုတ်။ ထိုရောဂါဖြင့်သေလျင်ပင်ဂုဏ်ယူရမလိုဖြစ်မည်။ လူလတ်တမ်းစားတို့ သည် ဟိုဟာလုပ်ရမလို ဒီဟာလုပ်ရမလို ခြေမကိုင်မိလက်မကိုင်မိဖြစ်ကြမည်။ ချမ်းသာသူအပေါင်းတို့သည် ထိုသတင်းကိုကြားပြီးသည့် အချိန်မှစ၍ သူတို့၏သားသမီးများ အားလူထူသောနေရာသို့ မသွားရန်တားဆီးပေတော့မည်။ သူတို့ကိုတိုင်လည် အန္တရာယ်ကိုရင်ဆိုင်ရန်ဟန်ပြင်နေသော စစ်သူကြီးတစ်ဦး၏ အသွင်ကိုဆောင်ထားပေလိမ့်မည်။
ဆေးဆိုင်များတွင် မျက်နှာဖုံးများရောင်းကောင်းတော့မည်။ လူစည်ကားမှုကို အခွင့်ကောင်းယူပြီးလုပ်ကိုင်နေရသော လုပ်ငန်းရှင်များသည် ထိုသတင်းကြောင့် မျက်ခုံးများလှုပ်လျက်ရှိသည်။ ဂျာနယ်များ၊ သတင်းစာများ၊ ပွပေါက်တိုးမည့်သတင်းဖြစ်သည်။ တမင်းဆိုင်များတွင် တစ်ချိန်က လက်မထောင်ခဲ့ပြီး ဘုရင်တစ်ဆူကဲ့သို့နေခဲ့ရသော ၀က်သားဟင်းနှင် ၀က်သားဆက်စပ်ဟင်းလျာများသည် လူတကာ၏နှာခေါင်းရှံခြင်းကိုခံရပေတော့မည်။ ဈေးအတွင်းဝက်သားသည်များ မျက်နှာငယ်ပေလိမ့်မည်။
အနှီမည်သော ကမ္ဘာလူတုတ်ကွေးရောဂါ(၀က်များသိက္ခာကျမည် ကိုမလိုလားသူများမှ မှည့်ခေါ်ထားသောနာမည်) ကြီးသည် သူချစ်ခင်နှစ်သက်သောသူများအားမိတ်ဆွေဖွဲသွားမည်ဖြစ်သလို အချို့  သူများအားအကျိုးဖြစ်ထွန်းစေမည်ဖြစ်ပြီး အချို့ အားဆုတ်ယုတ်မှုများကိုပေးသွားတော့မည်။ ကောင်းကွက်များမှ ကြည့်မည်ဆိုလျင် ကျွန်ပ်တို့ပြည်မြန်မာကြီးသည် နိုင်ငံတကာတန်းကို ၀င်ရောက်လာနိုင်ပြီဖြစ်တော့သည်။ မြန်မာပြည်သူများလည်း ကိုယ့်နိုင်ငံကြီး နိုင်ငံတကာနှင့်ရင်ဘောင်တန်း နိုင်ရေးအလို့ ငှာ swin flu ဖြစ်မြောက်ရေးအတွက် အတတ်နိုင်ဆုံး ကြိုးစားသွားလိမ့်မည်ဟုတင်မိပါတော့သည်။

No comments: