Wednesday, July 1, 2009

ဒီဇိုင်းနာဆိုတာ ဘာကောင်ကြီးလဲ...

'ဒီနေ့အလုပ်နည်းနည်းပါးလို့ ဟို site ၀င် ဒီ site ၀င်နဲ့.....
ရောက်သွားဖြစ်တာက myanmardigitalartists ကိုပါ.. ကိုကလည်း အဲဒီမှာ member ၀င်ထားတော့
မကြာမကြာရောက်ဖြစ်တယ်..
ဒီနေ့ရောက်တော့ '' ဘယ်သူပိုအရေးကြီးသလဲ..." ဆိုတဲ့ blog post ကိုဝင်ဖတ်ဖြစ်တယ်...
အကြီးအကျယ်ဆွေးနွေးထားကြတာဗျာ..
ကျွန်တော်တောင်ဘာမှဝင်မဆွေးနွေးနိုင်ခဲ့ဘူး..
သူတို ဆွေးနွေးတဲ့ အကြောင်းအရာက client နဲ့ designer အကြောင်းပါ..
သူတို့နှစ်ဦးမှာဘယ်သူက အရေးကြီးသလဲဆိုတာကို ၀င်ဆွေးနွေးထားကြတာပါ..
ကျွန်တော်ထင်တယ် ဒီဇိုင်နာ တွေရဲ့ 90% ကျော်ဟာ client နဲ့ တိုက်ရိုက် တွေ့ဆုံပြီးတော့မှ
သူတို့အပ်တဲ့ဒီဇိုင်းကိုဆွဲ ကြတာပါ..
အဲလိုဆွဲတဲ့အခါ မှာ ဘယ်ဒီဇိုင်နာမှကိုယ့် ဒီဇိုင်းကို စုတ်စုတ်ပြတ်ပြတ်နဲ့မဆွဲကြပဲ
အကောင်းဆုံးဆွဲပေးကြတာပဲ
ဒါအစဉ်အလာတစ်ရပ်ပါ..

ဒါပေမယ့် တစ်ချို့ client တွေကျတော့ ဒီဇိုင်းအမြင်မရှိကြဘူးဗျ..
ကာလာတွေရဲ့အကြောင်း လဲမသိဘူး...
တစ်ချို့ကျတော့လည်းရှင်းပြရင်နားလည်ကြတယ်..
တစ်ချို့ကရှင်းပြလို့မရဘူး..

များသောအားဖြင့် client တွေက ကျွန်တော်တို့ ဒီဇိုင်းနာတွှေဆီမလာခင်ကတည်းက
သူတို့ဒီဇိုင်းကို သူတို့တွေစဉ်းစားပြီးသား..
ကျွန်တော်တို့က သူတို့အကြိုက်လုပ်ပေးရုံပဲ..

တစ်ခါတစ်လေကျွန်တော်စဉ်းစားမိတာတစ်ခုရှိတယ်..
ကျွန်တော်တို့ကို ဒီဇိုင်းနာလို့ ခေါ်လို့မရဘူးဗျ..
ကျွန်တော်တို့ဟာ software ကို ကျွမ်းကျင်စွာအသုံးပြုနိုင်တဲ့ သူတွေလို့ပဲ ခေါ်လို့ရတယ်...
တစ်ခါတစ်လေပြောတာပါ...

ကျွန်တော့်ပထမဆုံး အလုပ်လုပ်တဲ့ရုံးက ပိုင်ရှင် ကအစိမ်းရောင်ဆိုအရမ်းကြိုက်တာ...
တစ်ခါတစ်လေ အစိမ်းနဲ့ အနီနဲ့ တွဲပြီးသုံးခိုင်းသေးတယ်..
စဉ်းစားကြည့်ဗျာ..
အစိမ်းနဲ့အနီဘာယ်လိုမှမလိုက်တဲ့အရောင်တွေလေ...
ဒါပေမယ့် ဘာတက်နိုင်မှာလဲဗျာ..
တစ်ခါတစ်လေ ကိုယ့်သူငယ်ချင်းတွေကိုတောင်ဒါငါဆွဲထားတဲ့ဒီဇိုင်းဆိုပြီးမပြရဲဘူး...
ရှက်လို့... :P

No comments: