ဒီနေ့ update လုပ်ရတဲ့ website ရဲ့ server က ဗိုင်းရပ်စ် ထိထားတာလား..
hack လုပ်ခံထားရတာလား ဘာလဲတော့မသိဘူး..
တင်လိုက်တဲ့ page တိုင်း photos တွေ missing ဖြစ်နေတယ်..
တစ်ခါတစ်လေ page တွေပျောက်နေတယ်..
ဘယ်လိုဖြစ်မှန်းမသိဘူး..
designer တစ်ယောက်ကို server problem လာဖြေရှင်းခိုင်းတာဟာ
တကယ်တော့တော်တော် ရီဖို့ကောင်းတာဗျ..
ရုံးမှာ ရှိတဲ့လူနဲ့ အလုပ်နဲ့ မမျှတဲ့အခါကျတော့
တစ်ခါတစ်လေ ကိုယ်ပဲ designer ...
ကိုယ်ပဲ html ပြောင်းတဲ့သူ..
ကိုယ်ပဲ programmer...
ကိုယ်ပဲ java သမား..
ကိုယ်ပဲ web master...
ကိုယ်ပဲ server uploading လုပ်သူ..
all in one ပေါ့.. :D
တကယ်တော့ တစ်ခါတစ်လေ မဟုတ်ပါဘူး..
အမြဲတမ်းပါပဲ... :P
ဒီ server မှာကျွန်တော်အမြဲတမ်းကြုံရတဲ့ ပြသနာက
server uploading လုပ်ရင် server ကို file ရောက်သွားကြောင်းပြပြီး online မှာ ပြန်ကြည့်ရင်
အဲ့ဖိုင်ကပျောက်နေတယ်..
အရင်ကတော့ ဟိုဟာကလိ..
ဒီဟာကလိနဲ့ နောက်ဆုံးအဆင်ပြေသွားပေမယ့်..
ဒီနေ့တော့ တော်တော်ရွာလည်နေတယ်..
အခုဒီ post ကိုရေးနေတဲ့အထိတော့ ဘာမှထူးမခြားလာသေးဘူး..
တစ်ခါတစ်လေတော်တော်လေးကိုစိတ်ပျက်ဖို့ကောင်းတယ်..
အခုတော့ ပြန်ကြိုးစားလိုက်အုံးမယ်..
အရင်တစ်ခါကလည်း တစ်ခြား website တစ်ခုကို upload လုပ်တာ..
သူတို့က password နှစ်ထပ်ခံထားတာကိုလျှောက်ကလိရင်း
online ပေါ်မှာ ပုံတွေပျောက်ကုန်တယ်.. ဟ ဟ .... :D
ဒီတစ်ခါလည်း တစ်ခုမဟုတ်တစ်ခုတော့ဖြစ်မှာပေါ့..
ဘဝ
1 year ago
No comments:
Post a Comment