Saturday, July 25, 2009

အကြိုက်ဆုံးသီချင်းတွေ..

အိမ်ကနေထွက်လာပြီးတဲ့နောက်ပိုင်းမှာ ကျွန်တော့်အတွက် အကြိုက်ဆုံးသီချင်းနှစ်ပုဒ်ရှိတယ်..
တစ်ပုဒ်က ဟန်ထူးလွင်.မောင်မောင်ဇော်လတ်.ကိုင်ဇာတင်မုံ တို့ဆိုထားတဲ့ "ပလက်ဖောင်းမင်းသား"
နောက်တစ်ပုဒ်က အရိုးဆိုထားတဲ့ "အာရှလူလည်" ဆိုတဲ့သီချင်းတွေပါ..


"ပလက်ဖောင်းမင်းသား"

ကြယ်ရောင်တွေပျောက်တဲ့ညမှာ... အပြင်လောကထဲထွက်လာသူ..
အဆူအပူခံကာ မှီခိုရာဌာန အိမ်ဆိုပေမယ့် အိမ်ရယ်မမည်တော့ဘူး
မာကြူရီမီးလုံးအောက်မှာ ကိုယ့်အိပ်ထဲလက်နှိုက်ရှာကြည့်
ငွေရယ်ဆိုလို့  ၁၀ တန်တဲ့ အကြွေတစ်ချို့ ...
ရင်ခွင်မှာတော့ မျှော်လင့်ချက်ကြီးတစ်ခု..

မျက်ရည်ကျပြီးလိုက်ခေါ်သူရယ်မရှိ.. သေလိုက သေနိုင်၏.. ရှင်လိုက ရှင်နိုင်၏
ကိုယ့်ခြေထောက်ပေါ်ရပ်ကာနေနိုင်မှ ပြန်လာမယ်ပြန်ခဲ့မယ်
ကိုယ်ယောက်ျားမို့  သဌေးဖြစ် ခွေးဖြစ်ပါပဲ..
ဒီလိုနဲ့ ရက်ပေါင်းများစွာ ငတ်ခြင်းနဲ့ ပြေးတမ်းလိုက်တမ်း.
လူဆိုတာဟာတော်ယုံနဲ့ သေခဲ.. ကြာလာတော့လည်း ခံနိုင်ရည်နဲ့ ဝ

အပျံသင်စ တဖြစ်လဲတဲ့အခါ .. ကိုယ်ပလက်ဖောင်းမင်းသား အရင့်စား..
ရေဆိုတာဟာ နွေခါမှာ ခက်သေး.. ငွေဆိုတာဟာ ရှာနိုင်သူ အတွက်မရှား..

လုပ်စရာရှိတာပြီးအောင်မြန်မြန်လုပ်
သိပ်မတွေးနဲ့  သိပ်မမေးနဲ့ ..
အချိန်ကုန်တယ်.. လေကုန်တယ်..
အရလွယ်တိုင်းလည်း တွေ့ တာအကုန်မယူနဲ့ 
အန္တရယ်က လက်တကမ်းမှာ..
ကြာကြာဝါးမယ့်သွား ဘာစားစား အရိုးကြည့်ရှောင်ဟေ့..

ဖော်မစုံသူသောက်တဲ့အလင်းဆိုင်.. ကိုယ်ကြိုက်တဲ့အခုခေတ်ပေါ်သီချင်း..
ဖီလင်ဆိုတာဒါရယ်ကိုခေါ်သလား.. ဘာရယ်ညာရယ်ကိုယ်လေမသိပဲဆွေး...
အချိန်တန်တော့ ဘ၀ပေးကုသိုလ်.. ကိုယ်လည်းပဲ အတွဲကလေးနဲ့ မိ
မဒီကိန္နရီ စံချိန်မမှီပေမယ့် ဟာနေတာကို မဟာရုံသူဖြည့်ပေး..

ရွေးနေရအောင် မင်းကဘာကောင်လဲ..
အကောင်းဆုံးက အကောင်းဆုံးပေါ့
တန်ရာက တန်ရာပေါ့..
ရုပ်ရှင်ကြည့်ပြီးရူးချင်တယ်ဆိုလည်း ကပ်လက်စနဲ့ ကပ်ဦးပေါ့
ထရံထက်မှာ ရွှေမင်းသမီးဇာတ်ကားကြော်ငြာ

လူဆိုတာ အကျင့်ရဲ့ကျေးကျွန်.. ထီထိုးရင်းတိုက်ဖို့ မေ့ရင်း..
ဒီအခြေအနေကိုပျော်တယ်လို့ မယူဆရင် ပျော်တယ်ဆိုတာဘာလဲ ကိုယ်မသိတော့
နာမည်ကျော်ငွေရှိတဲ့ဘ၀ဟာ အိပ်မက်နဲ့ ပဲ ကျိန်းကျေတတ်..
ဒီအရွယ်မှာ ကိုယ်ဟာဘာကောင်လဲ မသိရင်.. ကိုယ်ထင်တာထက်ကိုယ်ဟာပိုအပေါ့

ကိုယ်ခြေထောက်ပေါ်ရပ်ကာနေနိုင်သရွေ့ 
လျှောက်ဦးဟေ့.. လျှောက်ဦးဟေ့..
နောက်ဆုံးနေ့ အထိ ကိုယ်ပလက်ဖောင်းအရင်းစား
....................




မူရင်းကိုတော့ ဒီမှာ download ဆွဲပြီးနားဆင်နိုင်ပါတယ်။

No comments: